ပြောင်းလဲလာတဲ့ အွန်လိုင်းပေါ်က ငွေလိမ်နည်း 

By ZZ (မဇ္ဈိမ)
25 November 2023
ပြောင်းလဲလာတဲ့ အွန်လိုင်းပေါ်က ငွေလိမ်နည်း 

သတင်းအမှားများကို တိုက်ဖျက်ခြင်းအစီအစဉ်ကနေ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်တဲ့ အကြောင်းတွေနဲ့ ပတ်သက်လို့ မကြာခဏဖော်ပြခဲ့ဖူးပါတယ်။ 
အမည်ကျော်ကြားနေတဲ့ ရွှေဆိုင်နာမည်၊ ဘဏ်နာမည်တွေနဲ့ ပြုလုပ်ထားတဲ့ ချေးငွေလုပ်ငန်း စာမျက်နှာ အတုတွေအကြောင်း၊ ပရိဘောဂရောင်းသလို၊ ဆိုင်ကယ်ရောင်းသလိုနဲ့ ငွေလိမ်လည်တဲ့စာမျက်နှာအတု တွေ၊ အစိုးရကပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် ထောက်ပံ့ကြေးအစီအစဉ်၊ မြစိမ်းရောင် ချေးငွေလုပ်ငန်းအမည်ကို ပုံတူယူပြီး ငွေလိမ်နေတဲ့ စာမျက်နှာအတုတွေအကြောင်း ဖော်ထုတ်တင်ဆက် ပေးခဲ့ဖူးပါတယ်။ 
အခုတခါမှာတော့ ဒီနည်းလမ်းတွေနဲ့မတူညီတဲ့ ငွေလိမ်နည်းတခုအကြောင်း တင်ဆက်သွားမှာပါ။
ဒါကတော့ လူမှုကွန်ရက်တွေမှာကြော်ငြာနေတဲ့ application  ကိုဒေါင်းလုတ်ဆွဲပြီး အဲဒီ အက်ပလီ ကေးရှင်းကနေမှတဆင့် ငွေချေးရတာမျိုးဖြစ်ပါတယ်။ 

မဇ္ဈိမရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ သတင်းတုလို့ သံသယ ရှိတာပဲဖြစ်ဖြစ် စစ်ဆေးစေချင်တဲ့ သတင်း တွေ ရှိရင်ပဲ ဖြစ်ဖြစ် လင့်နဲ့တကွ လာရောက်မေးမြန်းလို့ရပါတယ်။ မေးမြန်းချင်ရင်တာ့ http://t.ly/AjFbz မှ တဆင့် ဖြည့်စွက်မေးမြန်းနိုင်ပါတယ်။ 

#Misinformation_Busters
#Fake_News 
#Loan_app

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly