ဟမ်မဲလ်၏ အပြောင်းအရွှေ့ကို ယခုတစ်ပတ်မကုန်ဆုံးမီ ကြေညာဖွယ်ရှိ

ဟမ်မဲလ်၏ အပြောင်းအရွှေ့ကို ယခုတစ်ပတ်မကုန်ဆုံးမီ ကြေညာဖွယ်ရှိ

ဧပြီ ၂၇၊ မြူးနစ်။                  ။ ဒေါ့တ်မွန်အသင်း၏ နောက်ခံကစားသမား ဟမ်မဲလ်သည် ဘိုင်ယန်မြူးနစ်အသင်းသို့ ရောက်ရှိရန် အလွန်နီးစပ်သည့် အနေအထားသို့ ရောက်ရှိနေပြီဟု ဂျာမန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

ဟမ်မဲလ်မှာ သူ၏ ကလပ်အသင်းဟောင်းသို့ ပြန်လည်ပြောင်းရွှေ့ရန်ရည်ရွယ်နေကြောင်းကို နှစ်ဘက်အသင်းများက အတည်ပြုထားပြီး ဂျာမနီသတင်းစာ Sport Bild က ဘိုင်ယန်အသင်းမှာ ဟမ်မဲလ်၏ အပြောင်းအရွှေ့ကို ယခုတစ်ပတ်မကုန်ဆုံးမီ ကြေညာလိမ့်မည်ဟု ရေးသားထားသည်။

ဟမ်မဲလ်ကလည်း ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့လိုကြောင်း ဒေါ့တ်မွန်အသင်းသို့ အသိပေးထားပြီး ဖြစ်သည်။ ဘိုင်ယန်အသင်းသည် ဟမ်မဲလ်ကို လေးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းခြင်းဖြစ်ပြီး   ဒေါ့တ်မွန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၃ ဒသမ ၅ သန်း ရရှိမည် ဖြစ်သည်။

ဒေါ့တ်မွန်အသင်း၏ အမှုဆောင်အရာရှိချုပ် ဝက်ဇ်ကီကလည်း ဟမ်မဲလ် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့မည့် ကိစ္စကို ဝန်ခံထားပြီး ဖြစ်သည်။ ဟမ်မဲလ်မှာ ဘိုင်ယန်သို့ ရောက်ရှိရန် အလွန်နီးစပ်သည့်အနေအထားသို့ ရောက်နေပြီ ဖြစ်သော်လည်း မန်ယူနှင့် မန်စီးတီးအသင်းတို့က အဆိုပါ ဂျာမန်နောက်ခံလူကို ခေါ်ယူရန် စိတ်အားထက်သန်နေကြပြီး ငွေကြေးအများအပြား သုံးစွဲကာ ခေါ်ယူရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

Ref: thesun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly