စပါး၏လက်ကျန်ပွဲများကို ဒယ်လီအလီ လွဲရမည့် အရေးနှင့်ရင်ဆိုင်နေရ

စပါး၏လက်ကျန်ပွဲများကို ဒယ်လီအလီ လွဲရမည့် အရေးနှင့်ရင်ဆိုင်နေရ

ဧပြီ ၂၇၊ လန်ဒန်။             ။ ကြမ်းတမ်းသည့်အပြုအမူကြောင့် အက်ဖ်အေ၏ စွဲချက်တင်ခံထားရသော ကွင်းလယ်ကစားသမား ဒယ်လီအလီသည် စပါးအသင်း၏ လက်ကျန်ပွဲများကို လွဲရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

တနင်္လာနေ့က ဝက်စ်ဘရွန်းနှင့်သရေကျခဲ့သောပွဲတွင် အလီသည် ကလော်ဒီယိုယက်ကော့ကို တွန်းထိုးခဲ့ခြင်းမှာ ရုပ်သံပြကွက်များအရ ပေါ်ပေါက်ခဲ့သည်။

တစ်ဂိုးစီသရေကျခဲ့သည့်ပွဲအတွက် ဒိုင်လူကြီး၏အစီရင်ခံစာတွင် ယင်းဖြစ်ရပ်ကိုထည့်သွင်းမှတ်တမ်းတင်ထားခြင်းမရှိပေ။ ကြမ်းတမ်းသည့် အပြုအမူအတွက် သုံးပွဲပယ်ပြစ်ဒဏ်သတ်မှတ်ထားရာ အသက် ၂၀ အရွယ်ရှိအင်္ဂလန်ကစားသမားမှာ စပါးအသင်း၏ ပရီးမီးယားလိဂ် လက်ကျန်ပွဲများကို လွဲဖွယ်ရှိလာခဲ့ခြင်းဖြစ်သည်။

ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုရထားသည့် အလီအနေဖြင့် ဗုဒ္ဓဟူးနေ့အထိ တုန့်ပြန်ဖြေရှင်းခွင့်ရထားသည်။

ပွဲချိန် ၂၆ မိနစ်တွင်ဖြစ်ပျက်ခဲ့သော ယင်းဖြစ်ရပ်ကိုမြင်တွေ့ခဲ့ခြင်းမရှိဟု စပါးနည်းပြပိုချက်တီနိုက ပြောခဲ့သော်လည်း တစ်ခါတရံတွင် ပြိုင်ဘက်များသည် အလီကို ဆွကစားတတ်ကြောင်း၊ အလီ စိတ်ဆတ်ခြင်းနှင့် တုန့်ပြန်တတ်ခြင်းကို သိထားကြကြောင်း ဖြည့်စွက်ပြောဆိုခဲ့ သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly