ကြားကာလ ဥပဒေမူကြမ်းကို နိုင်ငံရေးအင်အားစုနဲ့ သပိတ်အင်အားစုတွေ ကန့်ကွက် (ရုပ်/သံ)

By ဂျူချန်း (မဇ္ဈိမ)
22 November 2023
ကြားကာလ ဥပဒေမူကြမ်းကို နိုင်ငံရေးအင်အားစုနဲ့ သပိတ်အင်အားစုတွေ ကန့်ကွက် (ရုပ်/သံ)

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဦးတည်တဲ့ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်လာရေး ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခြင်းနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင် နိုင်ငံရေးဦးဆောင်အဖွဲ့၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)နဲ့  စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုတို့က ကန့်ကွက်တဲ့ အကြောင်း အသီးသီး ထုတ်ပြန်လာကြပါတယ်။
အဲ့ဒီဥပဒေကြမ်းကို တနင်္သာရီတိုင်း၊ စစ်ကိုင်းကိုင်းနဲ့ မကွေးတိုင်းက တိုင်းလွှတ်တော်ခေါ်ယူပြီး အတည်ပြု လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီလို ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပေါက်ပေါက်ရေး ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာ ဥပဒေကို  ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေက အတည်ပြုလိုက်တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly