ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် (နိုဝင်ဘာလ - ၁၉ ရက်နေ့)

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ် (နိုဝင်ဘာလ - ၁၉ ရက်နေ့)

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင်ကလေးတွေအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၅၇ ယောက် ရှိခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီီဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိူး၊ စစ်ရာဇဝတ်မှု ချိုးဖောက်မှုအမျိုးမျိုးကို ဆက်တိုက်ကျူးလွန်နေပါတယ်။

ဒီလို ကျူးလွန်ဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ဘယ်အချက်တွေ က စစ်ကောင်စီကို ပိုတွန်းပို့ပေးနေတာလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်လဲ၊ ဒါနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လို ထောက်ပြပြောဆိုထားပါသလဲ။

ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်ရှင့်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly