တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ် (University Training Crops- UTC) စစ်သင်တန်း တက်ရောက်ခဲ့ဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ရေးဦးစီးချုပ်ရုံးကို ပေးပို့ဖို့ဆိုတဲ့ စာတစောင် နိုဝင်ဘာ လ ၁၇ ရက်နေ့စွဲနဲ့ ထွက်ပေါ်လာပါတယ်။
၂၀၂၀ ပြည့်နှစ်မတိုင်ခင်အထိ တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC)မှာ စစ်သင်တန်း တက်ရောက်ခဲ့တဲ့သူ တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မတိုင်မီ ပေးပို့ရမယ်လို့ စာထဲမှာ ဖော်ပြထားတာပါ။
တက္ကသိုလ်တွေဆီကိုတော့ ဒီအကြောင်းကြားစာ ရောက်လာတာ မရှိသေးဘူးလို့ တက္ကသိုလ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်အချို့က မဇ္ဈိမကိုပြောပါတယ်။
သတင်း၊ ရုပ်သံတည်းဖြတ်- မိုးသောက်