ကရင်နီပြည်နယ် ညီညွတ်ရေး ဦးစားပေးလုပ်ဆောင်မယ်လို့ ကြားကာလလွှတ်တော် (KSIP) ပြော

By KMN (မဇ္ဈိမ)
19 November 2023
ကရင်နီပြည်နယ် ညီညွတ်ရေး ဦးစားပေးလုပ်ဆောင်မယ်လို့ ကြားကာလလွှတ်တော် (KSIP) ပြော

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်(KSIP)ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော် အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောအားလ်ဒို ကဒုတိယဥက္ကဋ္ဌ (၁)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်းတင်နုက ဒုတိယဥက္ကဋ္ဌ (၂) အနေနဲ့ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ပါဝင်ပါတယ်။

ကရင်နီပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို လည်း အဖွဲ့ဝင်အဖြစ်ပါဝင်နေတာ တွေ့ရပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်အနေနဲ့ ပြည်သူကို အကာအကွယ်ပြုတဲ့ ဥပဒေတွေရေးဆွဲတာ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးမဏ္ဍိုင်ကို စောင့်ကြည့်ထိန်းညှိတာ၊ နိုင်ငံရေးအင်အားစု သက်ဆိုင်ရာအစုအဖွဲ့ တွေနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်တာအပြင် ကရင်နီပြည်နယ် နိုင်ငံရေးအင်အားစုတွေဟာ ညီညွတ်ရေးနဲ့ ပူးပေါင်းပါဝင်ရေးကို ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) စောအားလ်ဒို ကပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima

#KSIP

#ကရင်နီပြည်နယ်ကြားကာလလွှတ်တော်

#ရုပ်သံသတင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly