လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း

By ဂျူချန်း (မဇ္ဈိမ)
18 November 2023
လွိုင်ကော်မြို့ခံများ မြို့မှစွန့်ခွာရန် KNDF စစ်ရေးချုပ် တိုက်တွန်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ မြို့ကနေစွန့်ခွာပေးဖို့ KNDF စစ်ရေးချုပ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ခံရပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF )နှင့် ဒေသခံတွေဆီက သိရပါတယ်။

လွိုင်ကော်မြို့မှာတော့ ပြည်သူတချို့ ကျန်ရှိနေသေးပြီး လွိုင်ကော်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေတာကြောင့် မြို့တွင်း ကျန်ရှိနေတဲ့ ပြည်သူတွေအနေနဲ့လည်း အန္တရာယ်များတာကြောင့် တိမ်းရှောင်ကြဖို့ KNDF ဗဟို ပြန်ကြားရေးတာဝန်ခံကလည်း ပြောပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ်-ဂျူချန်း

#တိုက်ပွဲဖြစ်ပွား

#ကရင်နီပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly