သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူများကို တိုက်ခိုက်၊ ၃ဦးသေ  လက်နက်များ သိမ်းဆည်းရမိ 

By MTO (မဇ္ဈိမ)
18 November 2023
သပိတ်ကျင်းတွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူများကို တိုက်ခိုက်၊ ၃ဦးသေ  လက်နက်များ သိမ်းဆည်းရမိ 
ပုံအညွှန်း - သိမ်းဆည်းရမိသည့်လက်နက်များနှင့် မီးရှို့ဖျက်ဆီးခဲ့သည့် ယာဉ်အားတွေ့ ရစဉ် (ဓါတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကြာညှပ်)

မန္တလေးတိုင်း ၊  သပိတ်ကျင်းမြို့နယ်တွင် နာရေးကားဖြင့် လက်နက်ပို့သည့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာ ပျူစောထီး သုံးဦးသေဆုံးပြီး ကားပေါ်ပါ လက်နက်များရရှိခဲ့ကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် က ယမန်နေ့  နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ ပျူစောထီးအဖွဲ့သည့် လက်ပံကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ထံ လက်နက်ကြီးကျည် ထောက်ပို့ရန် လာခြင်းဖြစ်ပြီး  နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီ ၂၅ မိနစ်အချိန်တွင် ၎င်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် တွင်းငယ်အခြေစိုက် တပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း (တတက-၁၃)မှ စခန်းမှ ကျည်များထောက်ပို့ရန် သယ်ဆောင်လာ ၏သည့် နာရေးကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ နာရေးကားအသုံးပြုပြီး သွားနေတာတော့ သတင်းရထားတာကြာပြီဗျ။ တိကျမှ လုပ်လိုက်တဲ့ သဘောပါဗျ ။ ၁၃ တပ်ကနေထွက်လာတာနဲ့ သတင်းကတိကျရထားပြီးလို့ လုပ်လိုက်တာပါ “ ဟုပြောသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးများ ကိုင်ဆောင်လေ့ရှိသည့် သေနတ် နှစ်လက် ၊ ကျည်ဆန်များ နှင့် လက်နက်ကြီး ကျည်များကို သိမ်းဆည်းနိုင်ခဲ့ပြီး မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်  ခုနစ်ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သပိတ်ကျင်း
#ပျူစောထီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly