နိုင်ဂျီးရီးယားတွင် လူပေါင်း ၁၅၀ ကို ဘိုကိုဟာရမ်အစ္စလာမ်မစ်များ သတ်ဖြတ်

နိုင်ဂျီးရီးယားတွင် လူပေါင်း ၁၅၀ ကို ဘိုကိုဟာရမ်အစ္စလာမ်မစ်များ သတ်ဖြတ်

နိုင်ဂျီးရီးယားနိုင်ငံ ဘော်နိုပြည်နယ်တွင် အစ္စလာမ်မစ်အစွန်းရောက် ဘိုကိုဟာရမ်အဖွ့ဲက တိုက်ခိုက်မှုပြုလုပ်ရာတွင် လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့သည်။

ကူကာဝါရွာတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက တိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူပေါင်း ၉၇ ဦး သေဆုံးကြောင်း မျက်မြင်များက ပြောသည်။

မွန်ဂန်နိုမြို့အနီးရှိ ရွာနှစ်ရွာတွင်လည်း ဘိုကိုဟာရမ်တို့ ဝင်စီးတိုက်ခိုက်သဖြင့် လူ ၄၈ ဦးသေဆုံးခဲ့သည်။

မွန်ဂန်နိုမြို့မှာ မကြာသေးမီက ဘိုကိုဟာရမ်သို့ သိမ်းပိုက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လက ယင်းမြို့တွင် အစ္စလာမ်မစ် အစွန်းရောက် ဘိုကိုဟာရမ်ကို တိုက်ခိုက်အောင်နိုင်ခြင်း အထိမ်းအမှတ်ပွဲလုပ်စဉ် ဘိုကိုဟာရမ်အဖွဲ့မှ ဗုံးဖောက်ခွဲသဖြင့် လူ ၂၃ ဦးသေဆုံးခဲ့သည်။

နိုင်ဂျီးရီးယားတွင် ၂၀၀၉ ခုနှစ်ကစတင်ကာ အစ္စလာမ်မစ်အုပ်ချုပ်ရေးပြဌာန်းရန် ဘိုကိုဟာရမ်တို့က ကြိုးစားလုပ်ဆောင်စဉ်မှ စကာ လူပေါင်း ၁၇၀၀၀ ဦး အနည်းဆုံးသေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags