ဖမ်းဝရမ်းထုတ်ခံရသည့် ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်း သေဆုံးသွားကြောင်း စစ်ကောင်စီထုတ်ပြန်

By 001 (မဇ္စျိမ)
16 November 2023
ဖမ်းဝရမ်းထုတ်ခံရသည့် ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်း သေဆုံးသွားကြောင်း စစ်ကောင်စီထုတ်ပြန်

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးတို့မှဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်လုပ်ငန်းရှင် မြီရှောက်ချန်းမှာ မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၆ ရက် ညနေ ပိုင်းက ထုတ်ပြန်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သည့် ကိုးကန့် လုပ်ငန်းရှင် ဦးမြီရှောက်ချန်းကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးစဉ် တရားမဝင်ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ထိုသို့ကျူးလွန်သွားခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ကိုးကန့်လုပ်ငန်းရှင် ဦးမြီရှောက်ချန်း၊ သားဖြစ်သူ ဦးမြီကော် ဖျင်၊ သမီးဖြစ်သူ မြီကျွီလန်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကလည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက လောက်ကိုင်မြို့တွင် သမီးဖြစ်သူမှလွဲပြီး ကျန်သုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများအား ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး မြီရှောက်ချန်း၏ရုပ်အလောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည် များစစ်ဆေးအတည်ပြုခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းတို့လေးဦးသည် ကိုးကန့်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှုများ၊ လူကို သွေးဆောင်ဖြားယောင်းမှု များ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။

ထို့ပြင် အလားတူစွဲချက်များဖြင့်ပင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဉက္ကဋ္ဌဟောင်း ဦးပယ် စောက်ချိန်၏သားဖြစ်သူ ပယ်ရင်ချန်ကိုလည်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၆ ရက်တွင် ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly