နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
16 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၆ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်အတွင်းမှာ ရှိသည့် စာသင်ကျောင်း (၉၆) ကျောင်းကို လေ ကြောင်း ရန် ကြိုတင် ကာကွယ်ရေးနှင့် ဗုံးခို ကျင်းတူးကြရန် ကြံပြုချက်များ ရေးသားထားသည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းဆားလင်းကြီး မြို့နယ် (ပအဖ) က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ်အတွင်းမှာ နိုဝင်ဘာ ပထမအပတ်အတွင်း မီးဘေးသင့်/ စစ်ဘေးရှောင် ပြည်သူများနှင့် သက်ကြီးရွယ်အိုများကို နိုဝင်ဘာ ၁၅ ရက်မှာ ထောက်ပံ့မှုတွေပေးအပ်ခဲ့ကြောင်း ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့အတွင်းကို ပြည်သူများ ဝင်ရောက်နေထိုင် နိုင်ပြီဖြစ် ကြောင်း အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေး ပွဲအစည်းအဝေး ကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank - SDB) ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ချောင်းနှစ်ခွ ၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀နီးပါး လက်နက်ချခဲ့တယ်လို့ NUG အစိုးရ လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F ) က စစ် ရေးသတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ကိုလာတဲ့ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကား ၄စီးပါ ထောက်ပို့ ယာဥ်တန်းအား မကွေးတိုင်း ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မကွေး ပြောက်ကျား တပ်ဖွဲ့မှ အသိပေးထားသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့၏ အထိုင်စစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံး သွားကြောင်း တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့် Young Force-UGတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး PDF ၂၁ ဦးကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ် ၊ ကြို့ကုန်းရွာအုပ်စုကို စစ်ကြောင်းထိုးချီတက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စနိုက်ပါနှင့် ပစ်ခတ်ခဲ့ရာ ရန်သူတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ပြည်ခရိုင်- တပ်ရင်း ထံမှ သိရှိရသည်။

ပျက်ကျသွားခဲ့သော ဂျက်တိုက်လေယာဉ်အစိတ်အပိုင်းများကို ရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် နေပြည်တော် PDF တို့ နိုဝင်ဘာ ၁၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရ ရှိရသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၌ ပိုဆိုးလာသည့် ပဋိပက္ခများအတွင်း လူသားချင်းစာနာ ထောက်ထား မှု အရေးပေါ် အကူအညီများနှင့် မဖြစ်မနေ လိုအပ်သည့် ဝန်ဆောင်မှုများ ပေး အပ်နိုင်  ရေးလမ်းကြောင်းအားလုံး အတားအဆီးမရှိဝင်ရောက်သွားလာခွင့်ရရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်သည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့်မတ္တရာမြို့နယ်တို့တွင် စစ်ရေးတင်းမာပြီး တိုက်ပွဲများပြင်းထန်နေ သည့်ကြားမှ တရက်အတွင်း ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးသုံးဦး ပစ်သတ်ခံရ ကြောင်း သတင်းရရှိသည်။

ကရင်နီ(ကယားပြည်နယ်)လွိုင်ကော်မြို့ တိုက်ပွဲ နှစ်ရက်တာအတွင်း တိုက်ပွဲများကြောင့် ကလေး ၅ ဦးအပါအဝင် အရပ်သားပြည်သူ သေဆုံးမှု ၂၂ ဦးရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ အချက်အလက်များကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

အကြမ်းဖက် စစ်ကောင်စီ တပ်ဆွဲထားသည့် လွိုင်ကော်တက္ကသိုလ်ဝန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်ကနေ တစ်ဆင့်  အသိပေး ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့ မြို့မ ရှိ ရဲစခန်း ရဲတပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်(AA) ထံမှာ လက်နက်ချလိုက်ပြီးနောက် ရဲစခန်းကို ယနေ့ မနက်ပိုင်းတွင် AAက သိမ်းယူထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၏ မန်လွင် တပ်စခန်းကို နိုဝင်ဘာ ၁၅ရက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ငွန်လဲထန်ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခဲ့ကြောင်း Chinland Information Ceter က သတင်းထုတ်ပြန် အသိပေးသည်။

စစ်ကောင်စီ 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သက်သေခံ လက်မှတ် ( CI စာအုပ် )ပျောက်ဆုံးသွားပါက နိုင်ငံကူးလက်မှတ်များကို ပြန်လည်လျှောက်ထားနိုင် ပြီဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို စစ်ကူတောင်းသော်လည်း စစ်ကူမရောက်လာသဖြင့် လက်နက်ချလိုက် ရခြင်းဖြစ်ကြောင်း KNDF မှ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် ဗိုလ်ကြီး ကောင်းမြတ်ကိုက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များ၌ စစ်စခန်းများတိုက်ခိုက်ခံရပြီးနောက် ဒေသခံများကို စစ်ကောင်စီ က နေ့စဉ် လိုက်လံဖမ်းဆီးနေပြီး သုံးရက်အတွင်း အရပ်သား ၅၅ ဦးထက်မနည်း ဖမ်းဆီးခံထား ရကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

စက်သုံးဆီ အကန့်အသတ်ဖြင့်သာရာင်း၍ ဆီဝယ်ယူရန်ခက်​နေ​သော ရန်ကုန်မြို့တွင် စစ်ကောင်စီ က ဆီဆိုင်သုံးဆိုင်ကို စက်သုံးဆီမရောင်းချ​ပေး၍ဟုဆိုကာ အရေးယူထားကြောင်းစစ်ကောင်စီက နိုဝင်ဘာ ၁၅ရက်တွင် ထုတ်ပြန်သည်။ 

ကာလုံအစည်းအဝေးတက်ပြီး တစ်ပတ်အကြာ နိုဝင်ဘာလ ၁၅ ရက်မှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေခေါ် လိကျိန်ဖူး ကိုနေရာကနေဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို ယာယီဥက္ကဋ္ဌအဖြစ် စစ်ခေါင်းဆောင်က ခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် သည်။

နိုဝင်ဘာ ၁၆ သုံးသပ်ချက်

စစ်ကောင်စီတပ်များသည် စစ်မျက်နှာအများစုတွင် ထိခိုက်သေဆုံးမှုနေ၍ လေကြောင်းမှ အရပ်သား ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေ သည့်အတွက် ယင်းလုပ်ရပ်များအတွက်နောင်တချိန်တွင်  စစ်ကောင်စီခေါင်းဆောင်ပိုင်းအဆင့်ဆင့်မှ တာဝန်ယူရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ ညံ့ဖျင်းမှုကြောင့် စက်သုံးပြတ်လပ် နေခြင်းကို စီးပွားရေးသမားများက တမင်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးအရေးယူနေပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly