နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၄ နိုဝင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ဂန့်ဂေါမြို့နယ် ပြည်သူများမှ လှူဒါန်းသည့်ရိက္ခာနျ အသုံးစရိတ်များကို ဂန့်ဂေါမြို့နယ် (ပကဖ)၊ (ပအဖ) နဲ့ ရပ်‌ကျေး (ပကဖ)၊ (ပအဖ) တို့မှ ဦးဆောင်ပြီး မြို့နယ်အခြေစိုက် တပ်ရင်း၊တပ်ဖွဲ့များ ထံမျှဝေ ပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပကဖ က အသိပေးထားသည်။ 

  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်း အဝေး ကို နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီက ချမှတ်ထားသည့် မူဝါဒ လမ်းညွှန်ချက်တွေနဲ့အညီ ခင်ဦးမြို့နယ်အတွင်း ကျေးရွာပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့ကို ၁၂၇ နှင့် ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ၁၃၀ အထိ ဖွဲ့စည်းထားနိုင် ပြီဖြစ် ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ နှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို နိုဝင်ဘာ ၁၃ ရက်  ပြုလုပ်ခဲ့ကြသည်။ 

  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၂၂) လက်အောက် ခံ အင်အား (၅၀) ဦးပါ စစ်ကြောင်းက (၂၃) ဦး ပြည်သူ့တော်လှန်ရေးအဖွဲ့များဆီကို လက်နက်ချ အညံ့ခံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

  • ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် NUG ကျန်းမာရေးဝန်ကြီးဌာန၏ NUGPay အကောင့်နှင့် နွေဦးဖွံ့ဖြိုးရေးဘဏ်အကောင့်များ ကနေတဆင့် တစ်ဆင့် ပြည်သူများ ထည့်ဝင် လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။ 

  • စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်နယ်တွင် စစ်ရှောင်များအတွက် အကူအညီ ပေးရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး‌ကောင်စီက ဖိတ်ခေါ်လိုက်သည်။ 

  • ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွား ဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ် က စာရင်း မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း ကြားကာလ ဗဟိုဘဏ်က တရားဝင် သတင်း ထုတ်ပြန် ပြောဆိုသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် စစ်ရေးတင်းမားနေမှုကြောင့် ကျေးရွာ လေးရွာက ဒေသခံများ ရွာလုံးကျွတ် မြိတ်မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ 

  • စစ်​ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်သတ်မှုများကြောင့် ကရင်နီပြည်နယ် ၊မိုးဗြဲနှင့် လွိုင်ကော်မြို့တို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း အရပ်သား ဦးရေ၂၀ သေဆုံးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများကို အသိပေးကြေညာထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ရဲတပ်ရင်း (၂၈)အား ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတ​​ပ်သားများမှာ စခန်းအချို့ စွန့်ခွာပြီး ရေဦးမြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ 

  • ရန်ကုန်တိုင်း၊ မရမ်းကုန်းမရန်းကုန်းမြို့နယ် HONEY NEST ဘား၊ လှိုင်မြို့နယ်နှင့် တာမွေမြို့နယ် တို့တွင် ယမန်နေ့က ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်နီပြည်၊ လွိုင်ကော်မြို့ကို ဗုံးလာကျဲ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်ကို ကရင်နီပူး ပေါင်း တပ်များ ယနေ့ပစ်ခတ်ရာ ထိမှန်ပြီးတော့ မီးခိုးအူပြီး ပျံသန်းထွက်ပြေးသွားကြောင်း PVTV သတင်းတွင် ဖော်ပြထားသည်။ 

  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများ ပိုမိုပီပြင် စွာဆောင်ရွက်သွားနိုင်ရန်အတွက် KNU မြို့နယ်နဲ့ ခရိုင်အဆင့် ခေါင်းဆောင်များအား စွမ်းရည်မြှင့်သင်တန်းကို ၂ ပတ်ကြာ ကျင်းပ ပြီးစီးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်ထားသည်။ 

  • လွိုင်ကော်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နှင့် အတူ ပြည်သူဘက်ကိုကူးပြောင်းလာ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်သည်။ 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ ‌မောင်တောနဲ့ မင်းပြားက အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AAက နိုဝင်ဘာ ၁၃ရက်က စတင်ကာ ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က  ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်တွင် ယနေ့နံနက် ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်သည်။ 

  • ရသေ့တောင်မြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်၏ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင်တပ်တော် (AA) က ယနေ့ နံနက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီး ပါစင်ကျော်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ် (၁၂၈ )ခြေမြန်တပ်ရင်းနှင့် နေရာအားလုံးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကို ပြောသည်။ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတွင် တိုက်ပွဲများပြင်းထန်နေကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • မြန်မာ - အိန္ဒိယနယ်စပ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အိန္ဒိယ နိုင်ငံ မီဇိုရမ်ဘက်သို့ ထွက်ပြေးသွားရာ အဆိုပါ စစ်ကောင်စီတပ်သားများကို အိန္ဒိယ စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားသည်ဟု The Chin Journalက ရုပ်သံမှတ်တမ်း နှင့်အတူ ဖော်ပြသည်။ 

  • တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တရုတ်ဆိုင်ရာ မြန်မာသံအမတ်နှင့် နိုင်ငံခြား ရေးဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဌာနက သိရသည်။ 

  • ရန်ကုန်က စက်သုံးဆီ ဆိုင်တိုင်းတွင် ဆီကို ပုံမှန်အတိုင်း လိုသလောက် ဝယ်၍ရနေပြီဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ 

  • မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  အကြမ်းဖက်များအား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်း ရောက် တပ်မတော်သားများအား အားပေးထောက်ခံပွဲကို ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းများတွင် ဖော်ပြထားသည်။ 

  • မန္တလေးတွင် အမျိုးသားရေးဦးဆောင်ဘုန်းကြီး ဦးအဂ္ဂဓဇနှင့်ဘုန်းကြီးတချို့အပါအဝင် တပ်မတော် ချစ်မြတ်နိုး သူများအဖွဲ့(မန္တလေး)မှ ဦးချစ်ကိုကိုတို့ ဦးဆောင်သော ပြည်သူစုစုပေါင်း ၂၀၀၀ ခန့်သည် တပ်မတော်ထောက် ခံချီတက်ပွဲ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းများတွင် ဖော်ပြ ထားသည်။ 

နိုဝင်ဘာ ၁၄ သုံးသပ်ချက် 

  • ရခိုင်ပြည်နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများ အသိမ်းခံနေရသလို ချင်းပြည်နယ်တွင်လည်း မြို့ အသိမ်းခံရပြီး စစ်ကောင်စီတပ်သားများ တဖက်နိုင်ငံအထိရောက် ထွက်ပြေးကြသည်ကို တွေ့ရသည့် အတွက် စစ်ကောင်စီတပ်များသည် တပ်ပျက်ကာ ဦးကျိုးသွားပြီးသည်ဟု ဆိုရမည်ဖြစ်သည်။ 

  • စက်သုံးဆီများ ပုံမှန်အတိုင်းပြန်ဝယ်၍ ရနေကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ဝါဒဖြန့်ချိ ထုတ် ပြန်သော်လည်း တကယ်တန်း လိုသလောက် ဝယ်ယူ၍ မရသေးကြောင်း ပြည်သူများက တုံ့ပြန်ပြောဆိုနေသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly