ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးအဖွဲ့ပြော

By MTO (မဇ္ဈိမ)
13 November 2023
ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေတယ်လို့ ကာကွယ်ရေးအဖွဲ့ပြော

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက ရေဦးမြို့နယ် ထဲကိုပြောင်းရွှေ့နေကြပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ခံစစ်အတွက်ပြင်ဆင်နေတယ်လို့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ဒီပဲယင်းမြို့နယ်ထဲကနေထွက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီပဲယင်း–ရေဦးကားလမ်းဘေးကကျေးရွာအချို့မှာ အထိုင်ချတပ်စွဲပြီး စစ်ကောင်စီ လက် အောက်ခံဝန်ထမ်းတွေကို ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်ပြောင်းရွှေ့နေတယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) ရေဦးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် -- MTO

#မြန်မာသတင်း

#စစ်ကိုင်းတိုင်း

#ရေဦးမြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly