၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ အညာက PDFရဲဘော် ၄ ဦး ရဲ့ မိသားစုဝင်တွေကိုထောက်ပံ့

By KMN (မဇ္ဈိမ)
13 November 2023
၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ အညာက PDFရဲဘော် ၄ ဦး ရဲ့ မိသားစုဝင်တွေကိုထောက်ပံ့

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်နေတဲ့  ရှမ်းပြည်နယ်မြောက်ပိုင်းက  ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ အညာဒေသက ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦးရဲ့ မိသားစုဝင်တွေကို S&C စစ်ဘေး၊မီးဘေး၊ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ငွေကြေးထောက်ပံ့ကူညီခဲ့ပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်တွေဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ဒေသခံတွေဖြစ်ကြပါတယ်။ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအဖြစ် တာဝန်ထမ်းဆောင်နေရင်း ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်တိုက်ပွဲဝင်နေစဉ်
အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျဆုံးခဲ့ကြတာပါ။ 

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#ဒီပဲယင်းမြို့နယ်
#၁၀၂၇စစ်ဆင်ရေး
#ရှမ်းပြည်နယ်မြောက်ပိုင်း
#S&C

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly