ဘင်္ဂလားဒေ့ရှ်တွင် လိင်တူအခွင့်အရေးလှုပ်ရှားသူ မဂ္ဂဇင်းအယ်ဒီတာ ဓားခုတ်သတ်ဖြတ်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် လိင်တူအခွင့်အရေးလှုပ်ရှားသူ မဂ္ဂဇင်းအယ်ဒီတာ ဓားခုတ်သတ်ဖြတ်ခံရ

ဒါကာ၊ ဧပြီ ၂၆ ။              ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တစ်ခုတည်းသော လိင်တူမဂ္ဂဇင်းမှ အယ်ဒီတာနှင့် လိင်တူအရေးတက်ကြွလှုပ်ရှားသူသည် အခြားသူတစ်ဦးနှင့်အတူ ဒါကာတွင် ဓားဖြင့်ခုတ်ထစ်သတ်ဖြတ်ခံရသည်။

အမေရိကန်သံရုံးတွင်လည်း အလုပ်လုပ်ကိုင်သူဖြစ်သည့် Xulhaz Mannan သတ်ဖြတ်ခံရခြင်းအတွက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြစ်တင်ရှုတ်ချသည်။

၎င်းတို့အား တိုက်ခိုက်မှုတွင် အခြားသူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှစကာ အစွန်းရောက်များက ဘာသာရေးဝေဖန်သူ၊ ဘာသာမဲ့ဝါဒီနှင့် အခြားကိုးကွယ်ရာလူနည်းစုများအပေါ် တိုက်ခိုက်လာခြင်းဖြစ်သည်။

တက္ကသိုလ်ဆရာတစ်ဦးအား သံသယရှိဖွယ်အစ္စလာမ်အစွန်းရောက်များ ဓားခုတ်သတ်ဖြတ်ပြီးနောက် နှစ်ရက်မြောက်တွင် ယခုသတ်ဖြတ်မှု ဖြစ်ပွားခြင်းလည်းဖြစ်သည်။

အိုင်အက်စ်တို့က ယင်းတိုက်ခိုက်မှုများကို ၎င်းတို့ကျုးလွန်ကြောင်းကြေညာသော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကမူ နိုင်ငံတွင် အိုင်အက်စ်တို့ မရှိကြောင်း အခိုင်အမာ ငြင်းသည်။

“မန်နန် နဲ့ အခြားလူငယ်တစ်ဦး ခုလို လူမဆန်စွာ သတ်ဖြတ်ခံရခြင်းအတွက် ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်ရတယ်။”ဟု အမေရိကန်သံအမတ်ကြီး မာစီယာဘာနီကတ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly