ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၁၂ ရက်နေ့)

ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (နိုဝင်ဘာလ ၁၂ ရက်နေ့)

စစ်ကိုင်းတိုင်းထဲမှာတော့ တိုက်ပွဲတွေ၊ စစ်ရေး ပဋိပက္ခတွေက နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း တစ် နေ့ထက်တစ်နေ့ ပိုပိုဆိုးရွားလာနေပါတယ်။ တပ်ရင်း တပ်မတွေ အများအပြားနဲ့ မြေပြင် ထိုး စစ်တွေအပြင် လေယာဉ်ကနေရော ထိုးစစ်ဆင်မှု တွေကြောင့် လူသေဆုံးမှု၊ စစ်ရှောင်လူဦးရေ၊ နေ အိမ်အဆောက်အအုံ ပျက်စီးမှုက တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို အများဆုံး ဖြစ်ပါတယ်။ စစ်ကိုင်းဒေသထဲ နောက်ထပ်ထူးခြားတာ တစ်ခု ကတော့ “လူသတ်ဘီလူး” ခေါ် တပ်မ လက်ရွေးစဉ် ဘီလူးစစ်ကြောင်းရဲ့ လူမဆန် အောင် လူသတ် မုဒိန်းပြုကျင့်မှုတွေပဲ ဖြစ်ပါတယ်။ သူတို့တွေက ဘယ်လို လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို လုပ်နေလဲ။ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှု တွေကို စိတ်ကြိုက်လုပ်ဆောင်နေတဲ့ ဘီလူးစစ်ကြောင်းကို ဖွဲ့စည်းထားတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က ဘာလဲ စတာတွေကို ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly