ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့ကြားက ပါစင်ကျော်ကျေးရွာ အနီးမှာပိတ်မိနေသူတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်လောက်မှာ ပိတ်မိနေသူတွေရှိတဲ့ လူအုပ်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ပါစင်ကျော်ကျေးရွာမရောက်ခင် မိုင်ဝက် လောက်အကွာမှာရှိတဲ့ ၁၀ တန်ဂိတ်အနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေ လောက်ကိုင်ဘက်ကိုပြန်သွားအောင် တမင်လုပ်တာဖြစ်နိုင်တယ်လို့ MNDAA ရဲ့ ပြောခွင့်ရသူ လီကျာဝင်းက မဇ္ဈိမကိုပြောပါတယ်။ သတင်းအပြည့်အစုံကို ရုပ်သံမှာ ကြည့်ရှု နိုင်ပါတယ်။
တင်ဆက်/ရုပ်သံတည်းဖြတ် − ရွှေနွယ်