လောင်းလုံး "၁၁၁၁ " အောင်သပြေ လူထုလှုပ်ရှားမှု ပြည်သူ ထောင်နှင့်ချီ ပါဝင်

By ကိုရွှေမြိတ် (မဇ္ဈိမ)
12 November 2023
လောင်းလုံး "၁၁၁၁ " အောင်သပြေ လူထုလှုပ်ရှားမှု ပြည်သူ ထောင်နှင့်ချီ ပါဝင်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် "၁၁၁၁" အောင်သပြေ လူထုလှုပ်ရှားမှုတွင် ပြည်သူလူထု ထောင်နှင့်ချီ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံက သိရ သည်။

ထိုလှုပ်ရှားမှုတွင် စစ်ကောင်စီ တပ်သားများ အနေဖြင့် ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြရန် နှင့် မြောက်ပိုင်း ညီနောင် သုံးဖွဲ့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ‘ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ’၊ ‘၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ ကြိုဆို’ ဆိုသည့် အဓိက ခေါင်းစဉ် နှစ်ခုနှင့် အတူ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

“မနေ့က ၁၁၁၁ လှုပ်ရှားမှုမှာ ကျွန်တော်တို့ ပုံမှန် ထွက်နေကြ သပိတ်တွေ ထက် လူအင်အား ပိုများလာတာ ကျွန်တော်တို့ တွေ့ရတာပေါ့ဗျာ။ ဒီလိုမျိုး အင်အား အများကြီး တွေ့ရတယ် ဆိုတာကလည်း ကျွန်တော်တို့ရဲ့ DDMSC ရဲ့ လူထုလှုပ်ရှားမှုကို ပြည်သူတွေက သိထားလို့ ပူးပေါင်း ပါဝင်နိုင်တာ ဖြစ်တယ်”လို့ ဦးဆောင်သူ ကိုမင်းလွင်ဦးက ပြော သည်။

ယင်း လှုပ်ရှားမှုတွင် ပါဝင်သူများမှာ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများက အမျိုးသား၊ အမျိုးသမီးနှင့် တော်လှန်ရေး လှုပ်ရှားသူ အများအပြား ပူးပေါင်း ပါဝင်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#mizzima

#၁၁၁၁

#လောင်းလုံမြို့နယ်

ဗီဒီယို - ပေးပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly