ပျက်ကျသွားသော တိုက်လေယာဉ်ပေါ်ပါပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများ သိမ်းဆည်းရမိ

ပျက်ကျသွားသော တိုက်လေယာဉ်ပေါ်ပါပစ္စည်းများ PDF နေပြည်တော်တိုင်းစစ်ဌာနချုပ်တပ်ရင်းများ သိမ်းဆည်းရမိ

ပျက်ကျသွားသော စစ်ကောင်စီ တိုက်လေယာဉ်မှပစ္စည်းများကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)က သိမ်းဆည်းရမိကြောင်း ဓာတ်ပုံများနှင့်တကွ ယနေ့တွင် ထုတ်ပြန်လာသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာနတပ်ရင်းများက သိမ်းဆည်းရမိသည့် ယမန်နေ့ ညနေက ကရင်နီပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပစ်ချလိုက်သည်ဟုဆိုသည့် K-8 အမျိုးအစား အပေါ့စားတိုက်လေယာဉ်၏ ကျန်ရှိပစ္စည်းများစာရင်းတွင် လေထီးတစုံ၊ စကားပြောစက်ကြီး တလုံး၊ လက်ကိုင်စကားပြောစက်တခု၊ ကယ်ဆယ်ရေးလေထိုးလှေငယ်တစင်း၊ အသက်ရှုအောက်ဆီဂျင် စက်တစုံ၊ လေသူရဲဆောင်းဦးထုတ်တလုံး၊ လေယာဉ်မှူးထိုင်ခုံတပိုင်းနှင့် ဆေးဝါးများဓာတ်စာများ ပါရှိ သည်ဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်မှတိုက်လေယာဉ် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေသူရဲ နှစ်ဦး အရေးပေါ်လေထီးဖြင့်ခုန်ချခဲ့ကြရာ တဦးမှာကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်းကျသွားခဲ့ပြီး ကျန်တဦးသည် အခြားဒေသတွင် ကျရောက်သွားခဲ့သည်။

လက်ရှိအချိန်အထိ လေသူရဲများကို နှစ်ဘက်တပ်များက လိုက်လံရှာဖွေနေဆဲဖြစ်သည်။

#တိုက်လေယာဉ်

#K-8

#လေသူရဲများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly