ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း

By လွှမ်းမိုး (မဇ္ဈိမ)
12 November 2023
ယင်းမာပင်မြို့နယ် ပြည်သူ့အခြေပြု ကျောင်းတွင် '၁၁၁၁' အောင်သပြေကပ်လှူ ဆုတောင်း

 စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ပြည်သူ့ အခြေပြု ကျောင်းတခုတွင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း၌ "၁၁၁၁" အောင်သပြေ ကပ်လှူ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမ များထံက သိရပါသည်။

ယင်းဆုတောင်းပွဲကို ကျောင်းသား၊ မိဘ ၊ ဆရာများ ပူးပေါင်း ကျင်းပခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် ရဲဘော်များအားလုံးကို ထောက်ခံကြိုဆိုသည့် အနေဖြင့် ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သည့် တာဝန်ခံဆရာ တဦးထံက သိရသည်။

ဆုတောင်းပွဲတွင် တရားသော စစ်ဆင်နွှဲနေသည့် ရဲဘော်များအားလုံး ဘေးရန်းကင်းပြီး ၊ တိုက်ပွဲတိုင်း အောင်မြင်ဖို့ ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၁၁၁ 
#၁၀၂၇

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly