ဒီပဲယင်းမြို့နယ်နေ ဒေသခံ ပြည်သူများက စစ်ဆင်ရေး ၁၀၂၇ အား ကြိုဆိုထောက်ခံသည့် လှုပ်ရှားမှုဖြစ်သည့် “၁၁၁၁” လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက် သပြေပန်းများကိုင်ဆောင်ကာ “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဟု ဟစ်ကြွေးကာ ချီတက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ဆင်ရေး ၁၀၂၇၏ အောင်မြင်ရေးလှိုင်းများကို ကြိုဆိုထောက်ခံသည့်အနေဖြင့် ထိုလှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဗီဒီယို-ပေးပို့
စာတည်း။ ။အောင်ကျော်ဖြိုး