ချင်းတွင်းမြစ်ထဲက စစ်ကောင်စီရေယာဉ် ၇ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့‌တွေ သိမ်းပိုက်

By လွှမ်းမိုး (မဇ္ဈိမ)
11 November 2023
ချင်းတွင်းမြစ်ထဲက စစ်ကောင်စီရေယာဉ် ၇ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့‌တွေ သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ချင်းတွင်းမြစ်ကြောင်းထဲမှာ သစ်လုံးတွေ၊ ဆီပီပါတွေ၊ စက်ယန္တရားတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီရေယာဉ် ခုနှစ်စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၆ရက်နဲ့ ၉ရက်မှာ သိမ်းယူလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ရေယာဉ်တွေကို စွန့်ခွာထွက်ပြေးသွားကြတာပါ။ဒီအခြေအနေတွေကို မဇ္ဈိမရဲ့ သတင်းထောက်ကိုလွှမ်းမိုးက မြေပြင်ကွင်းဆင်းတင်ပြထားပါတယ်။

တည်းဖြတ် - ဂျူချန်း

ရိုက်ကူး - လွှမ်းမိုး

#Mizzima

#ကနီမြို့နယ်

#ချင်းတွင်းမြစ်ကြောင်း

#စစ်ကောင်စီရေယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly