ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်

11 November 2023
ရန်ကုန်တွင် “၁၁၁၁”လုံး အောင်သပြေလှုပ်ရှားမှုပြုလုပ်
ပုံအညွှန်း - "၁၁၁၁" လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေကြသူများ (ဓာတ်ပုံ-CJ)

ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်ရေးအင်အားစုများက  "၁၁၁၁" လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် “၁၁၁၁” အောင်သပြေလှုပ်ရှားမှုအဖြစ်  အောင်သပြေပန်းများကို ဘုရားလှူခြင်းနှင့်ပန်ခြင်းများပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်းပြသခဲ့ကြသည်။

ရန်ကုန်ရှိ ပြည်သူအချို့က သပြေပန်းများကိုဝေငှခဲ့ကြသကဲ့သို့ အခြေခံအစားအသောက်များကို  ဈေးများနှင့် လူနေရပ်ကွက်များတွင် လိုက်လံဝေငှခဲ့သည်ဟု သိရသည်။

တလှိုင်းပြီးတလှိုင်းလာမည်ဆိုသည့် တော်လှန်ရေးကို သောင်းသောင်းဖျဖျကြိုဆိုသည့်အနေဖြင့် တော်လှန်ရေး တပ်သားများ ရောက်ရှိလာပါက  အောင်သပြေပန်းများနှင့်
 ကြိုဆိုကြရန် ပြည်သူများကို တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#၁၁၁၁

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly