ဆားလင်းကြီးတွင် "၁၁၁၁" လှုပ်ရှားမှုပြုလုပ်

By 008 (မဇ္ဈိမ)
11 November 2023
ဆားလင်းကြီးတွင် "၁၁၁၁" လှုပ်ရှားမှုပြုလုပ်
ဓာတ်ပုံ-Aung Khant Zaw

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်" ၁၁၁၁ "လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာ ၁၁ရက် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို ဆားလင်းကြီးမြို့၏ လူစည်ကားသည့် စျေးတခုတွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"1027လှိုင်းတွေကို အောင်သပြေနဲ့ကြို၊ ဖက်ဆစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ ၊ ညီနောင်မဟာမိတ်များနှင့် PDFများ တိုက်ပွဲတိုင်းအောင်မြင်ပါစေ ၊ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်။" စသည့် စာတန်းများ ကိုင်ဆောင်ပြီး လှုပ်ရှာယမှုပြုလုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဆားလင်းကြီးမြို့နယ်
#PDF
#၁၁၁၁

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly