၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုမျိုး အညာမှာလည်း ရလာနိုင်တယ်

By MTO(မဇ္ဈိမ)
08 November 2023
၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်မြင်မှုမျိုး အညာမှာလည်း ရလာနိုင်တယ်

အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ရှမ်းမြောက်ဒေသမှာ  မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ပူးပေါင်းပြီး စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့အောင်မြင်မှုတွေဟာ တနိုင်လုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို စိတ်ဓာတ် တက်ကြွစေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ကိုတော့ အတော်လေးအထိနာစေခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့နောက်ဆက်တွဲအနေနဲ့ အညာဒေသမှာလည်း တော်လှန်ရေးအင်အားစုတွေက စခန်း သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပြီး ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ ကြီးမားတဲ့အောင်မြင်မှုတွေ ရလာနိုင်တယ်လို့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF-Column 3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် -- MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly