ဆောတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ခရစ်ယာန်တရားဟောဆရာ သားအဖသေဆုံး

ဆောတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ခရစ်ယာန်တရားဟောဆရာ သားအဖသေဆုံး
Photo- (CJ)စစ်ကောင်စီတပ်က ပစ်ခတ်၍ သေဆုံးသွားသည့် ဆလိုင်းလှေ့မန်

မကွေးတိုင်း၊ ဆောမြို့တွင် ဆိုင်ကယ်စီးနင်လာသည့် ခရစ်ယာန်ဓမ္မဆရာတဦး စစ်ကောင်စီတပ် ကပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဖခင် ဟုတ်၊ မဟုတ် လာကြည့်သည့် သားဖြစ်သူမှာလည်း ထပ်မံ ပစ်ခတ်ခံရကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသော ခရစ်ယာန်ဓမ္မဆရာမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှ ပါစတာမန်ကွီးဖြစ်ပြီး ဆော မြို့ပေါ်၌ ဆိုင်ကယ်စီးလာစဉ် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ပစ်ခတ်မှုကြောင့် ဦးခေါင်းကိုထိမှန်ကာပွဲချင်းပြီးသေဆုံးခဲ့ပြီး ဖခင်ဖြစ်သူ ဟုတ်၊ မဟုတ်လာကြည့် သည့် သားဖြစ်သူ ဆလိုင်းလှေ့မန်သည်လည်း ရင်အုပ်တွင် ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

“ခရစ်ယာန်ဓမ္မဆရာဆိုတာတော့ ဟုတ်ပါတယ်။ သူကကန်ပက်လက်မြို့ပေါ်က အသင်းတော်မှာ အချိန် ပြည့် အမှုတော်ဆောင်တော့မဟုတ်ဘူး၊ အချိန်ပိုင်းနဲ့ အမှုတော်ဆောင်ပါတယ်။ ဆောမြို့ကိုလာတဲ့ အချိန် မှာ စစ်တပ်ကပစ်တော့ သေသွားတယ်။ အဲဒါကိုကြားတော့ သူ့သားက သူ့အဖေဟုတ်မဟုတ် သွားကြည့် တဲ့ အချိန်မှာ သူပါအပစ်ခံရပြီး သားအဖနှစ်ယောက်လုံး သေသွားတာ” ဟု ဆောဒေသခံတဦးက ဆိုသည်။

ချင်းပြည်နယ် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ဒေသခံအများစုသည် မကွေးတိုင်းအတွင်းရှိ ကျောက်ထု နှင့် ဆောမြို့များတွင် စစ်ဘေးရှောင်အဖြစ်နေထိုင်နေကြပြီး ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်များက ဆောမြို့ပေါ် စစ်ဆေးရေးဂိတ်များတွင် ၎င်းတို့ မသင်္ကာသူများကို နေပူထဲ၌ ထိုင်ထလုပ်ခိုင်းခြင်း၊ ဒိုက်ထိုး ခိုင်းခြင်းများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

စာတည်း။  ။စောဖေ
#ဆောမြို့
#ခရစ်ယာန်ဓမ္မဆရာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly