ကရင်နီ စစ်ရှောင်စခန်းအများစုမှာ တုပ်ကွေးရောဂါကူးစက်ဖြစ်ပွား (ရုပ်၊ သံ)

By KMN (မဇ္ဈိမ)
05 November 2023
ကရင်နီ စစ်ရှောင်စခန်းအများစုမှာ တုပ်ကွေးရောဂါကူးစက်ဖြစ်ပွား (ရုပ်၊ သံ)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းအများစုမှာ တုပ်ကွေးရောဂါ ကူးစက်မှုတွေဖြစ်ပွားနေပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ တွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၁၅၀ ဝန်းကျင်ရှိပြီး စစ်ဘေးရှောင် ၈၀,၀၀၀ နီးပါးနဲ့ ဒေသခံတွေ နေထိုင်ကြပါတယ်။

ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်စခန်းတွေက နေအိမ်အများစုမှာ မိသားစုအလိုက် တုပ်ကွေးဖျားနာတာ တွေ မြင်တွေ့ရပြီး ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးကြတဲ့အတွက် နီးစပ်ရာဆေးဝါးတွေသာ သောက်သုံးနေ ကြတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူကတော့ ၂၀၂၃ ခုနှစ်အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ တုပ်ကွေးရောဂါ အဖြစ်များခဲ့ပြီး လက်ရှိကာလမှာလည်း စစ်ဘေးရှောင်ဆေးခန်းတွေမှာ တုပ်ကွေးဖျားနာ ပြသသူ နေ့စဉ် လူဦးရေ ၃၀ အထက် ရှိနေတယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကတော့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေး စောင့် ရှောက်မှုကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကနေတဆင့် ကျန်းမာရေးဌာန ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ မဇ္ဈိမကို ပြောပါတယ်။

တင်ဆက်/တည်းဖြတ်  - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly