ကျောင်းသားလှုပ်ရှားမှုသမိုင်းပြခန်း ပေါက်မြို့နယ်တွင် ဖွင့်လှစ် 

By မိုးသောက် (မဇ္ဈိမ)
05 November 2023
ကျောင်းသားလှုပ်ရှားမှုသမိုင်းပြခန်း ပေါက်မြို့နယ်တွင် ဖွင့်လှစ် 
Photo -ဗကသများအဖွဲ့ချုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် မြန်မာနိုင်ငံ၏ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြခန်း ကို နိုဝင်ဘာလ ၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ပေါက်မြို့နယ်အတွင်း တနေရာတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ အမှုဆောင်များ၊ အခြေခံပညာသမဂ္ဂအမှုဆောင်များ၊ အဖွဲ့ဝင် ဆရာဆရာများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

“ပြခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဗကသများအဖွဲ့ချုပ်က ဘယ်တော့မှ သမိုင်းမှာမရိုင်းခဲ့ဘူးဆိုတာ ကျောင်းသားထုနဲ့ ပြည်သူလူထုကို ချပြချင်တဲ့အတွက် ဒီပြခန်းကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြခန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်-အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုခိုင်ထူး ဟန်က ပြောသည်။

ပြခန်းအတွင်း ခေတ်အဆက် ကျောင်းသားလှုပ်ရှားမှု သမိုင်းများ၊ ခေတ်ပြောင်းစနစ်ပြောင်း ကာလများ တွင် ကျောင်းသားများပါဝင်ခဲ့မှုနှင့်ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများနှင့်  တော်လှန်သော ကျောင်းသား မျိုးဆက် အသီးသီး၏ မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသထားသည်။

ယခင်က ကျောင်းသားသမဂ္ဂများတွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသာ လူထုလှုပ်ရှားများတွင် ပါဝင် ခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြို့နယ်အသီးသီးရှိကျောင်းများ၊ ကိုယ်ပိုင်ကျောင်း များတွင် ဗကသများအဖွဲ့ဝင် အခြေခံပညာကျောင်းသားသမဂ္ဂများ ပိုမိုပေါ်ပေါက်လာပြီး လူထုလှုပ်ရှားမှု များ၌ပါဝင်လာကြသည်။

စာတည်း ။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#မကွေးတိုင်း
#ပေါက်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly