ဆီးရီးယားသို့ တပ်ဖွဲ့ဝင်အင်အား ၂၅၀ အိုဘားမားစေလွှတ်မည်

ဆီးရီးယားသို့ တပ်ဖွဲ့ဝင်အင်အား ၂၅၀ အိုဘားမားစေလွှတ်မည်

ဝါရှင်တန်၊ ဧပြီ ၂၅ ။             ။ ဆီးရီးယားရှိ အိုင်အက်စ်အုပ်စုအား တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့စစ်များအား ထောက်ကူရန်အတွက် ထပ်ဖြည့်အင်အား တပ်ဖွဲ့ဝင် ၂၅၀ အား အမေရိကန်သမ္မတ အိုဘားမား စေလွှတ်မည်ဖြစ်သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ကာ့ဒ်တိုက်ခိုက်ရေးသမားများနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေသည့် ဆွန်နီအာရပ်များအား အားပေးထောက်ကူရန်ဖြစ်ကြောင်း ပြောသည်။

ယခုအခေါက် တပ်အင်အားပေးပို့မှုဖြင့် ဆီးရီးယားတွင် တိုက်ခိုက်ရေးအတွက်မဟုတ်သည့် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၃၀၀ ရှိသွားမည်ဖြစ်သည်။

ဘီဘီစီနှင့် အင်တာဗျူးတွင် သမ္မတအိုဘားမားက တပ်အင်အား စေလွှတ်မှုကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆီးရီးယား၏ စိတ်ထိခိုက်ဖွယ် ရှုပ်ထွေးသော ပဋိပက္ခများကို စစ်ရေးတစ်ခုတည်းအားဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းလည်း အိုဘားမားက ပြောခဲ့သည်။

ထပ်မံစေလွှတ်သည့် တပ်အင်အားအများစုက အထူးစစ်ရေးတွင် တာဝန်ပေးမည်ဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ ယင်းအင်အားတွင် ဆေးတပ်ဖွဲ့နှင့် ထောက်ပို့အင်အားများ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly