နီပေါငလျင်ပြန်လည်ထူထောင်ရေးတွင် အလျင်အမြန်ဆောင်ရွက်ပေးရန် အစိုးရကို ဆန္ဒပြ

နီပေါငလျင်ပြန်လည်ထူထောင်ရေးတွင် အလျင်အမြန်ဆောင်ရွက်ပေးရန် အစိုးရကို ဆန္ဒပြ

ခတ္တမန္ဒူ၊ ဧပြီ ၂၄ ။            ။ ၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်က နီပေါငလျင်ကြီးဒဏ်မှ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား အစိုးရအနေဖြင့် အလျင်အမြန်ဆောင်ရွက်ပေးရန်တိုက်တွန်းလျက် မြို့တော်ခတ္တမန္ဒူတွင် ဆန္ဒပြကြသည်။

ခတ္တမန္ဒူရှိ အစိုးရရုံးစိုက်ရာဝင်းတွင် ဂိတ်တံခါးဖွင့်ရန် စီတန်းကာ ဆန္ဒပြသူများက ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရသည့် နိုင်ငံအား ပြန်လည်တည်ဆောက်ရေးတွင် နှေးကွေးလျက်ရှိနေခြင်းကို အရှိန်မြှင့်ကာ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အာဏာပိုင်များအား တောင်းဆိုကြခြင်းဖြစ်သည်။

အာဏာပိုင်များက တုံ့ပြန်မှုအဖြစ် အင်အား ၂၀၀ ဝန်းကျင်ရှိ ဆန္ဒပြသူများကို အစိုးရဝင်းတံခါးအား ဖွင့်လှစ်ပေးလိုက်သည်။

ထိုနောက် ဆန္ဒပြသူများက ငလျင်တစ်နှစ်ပြည့်ပတ်လည် ဝမ်းနည်းမှုအဖြစ် တစ်မိနစ် ငြိမ်သက်စွာ နေခဲ့ကြသည်။

အင်အား ၇ ဒသမ ၈ အဆင့် ငလျင်ကြီး လှုပ်ခဲ့မှုတွင် လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ပြီး ယာယီကယ်ဆယ်ရေးဒုက္ခသည်စခန်းများတွင် နေထိုင်နေရဆဲဖြစ်သည့် ပြည်သူပေါင်း လေးသန်းအထိ ရှိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းက ထုတ်ပြန်သည်။

အဆိုပါ ငလျင်ကြီးအတွင်း သမိုင်းဝင်အဆောက်အအုံများ၊ အထင်ကရအထိမ်းအမှတ်အဆောက်အအုံ ရာပေါင်းများစွာလည်း ပြိုကျပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly