တောင်တွင်းဒေသ ပျူရွာများမှ ဒေသခံများ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် MKPDF သတိပေး

By ကိုခင်မောင် (မဇ္ဈိမ)
01 November 2023
တောင်တွင်းဒေသ ပျူရွာများမှ ဒေသခံများ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် MKPDF သတိပေး
ပုံအညွှန်း ။   ။ People Defence Force Taungdwin Region - Minkin( MKPDF) မှရဲဘော်များ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသရှိ ပျူရွာများမှ ဒေသခံမိဘပြည်သူများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်  အောက်တိုဘာလ ၃၁ရက်တွင် သတိပေးထုတ်ပြန်သည်။

ကလေးခရိုင် အမှတ်(၁၅ )တပ်ရင်း၊ မင်းကင်းမြို့နယ် အမှတ်(၅)တပ်ရင်း People Defence Force Taung Dwin Region-Mingin(MKPDF)တို့က တောင်တွင်းဒေသရှိ ပျူရွာများမှ ဒေသခံမိဘပြည်သူများကို သတိပေးခြင်းဖြစ်သည်။

“Geneva Convention အရ ထိုးစစ်အကြိုလာမှာမို့လို့ မည်သူ မည်သူမျှ မထိခိုက်မနစ်နာအောင် ကြိုတင် ထုတ်ပြန်ထားတာပါ” ဟု People Defence Force Taung Dwin Region-Mingin မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကြာပင်ကျေးရွာတွင်  စစ်ကောင်စီတပ် အ‌ခြေစိုက်စခန်းတခုရှိပြီး မင်းကင်းမြို့နှင့် အထက် ငါးမိုင်အကွာတွင်  ကျော်ရွာပျူစောထီးစခန်း၊ ထိုရွာနှင့် ငါးမိုင်အောက်ဘက်တွင် မအူကျေးရွာပျူစောထီးစခန်း စသည့် စစ်ကောင်စီတပ်ထောက်ခံသော ပျူစောထီးများနေထိုင်သည့် ရွာသုံးရွာကို သတိပေးခြင်းဖြစ်သည်ဟု MKPDF မှ တာဝန်ရှိသူက ဆိုသည်။

တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေများဖြစ်သော ကြာပင်ကျေးရွာ၊  ကျော်ရွာ၊ မအူကျေးရွာတို့တွင် ပျူစောထီးအင်အား ၅၀ စီ အသီးသီးရှိနိုင်ကြောင်း MKPDF မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

နွေဦးတော်လှန်ရေးသည် ထိုးစစ်အကြိုကာလသို့ ပြောင်းလဲလာသည့်အားလျှော်စွာ စွမ်းရည်မြှင့်လက်နက်များ ကျည်၊ ခဲယမ်း၊ ရိက္ခာ ၊ ဆေးဝါးများဖူလုံရေးအတွက် အလွန်အရေးကြီးလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သရွေ့ပါဝင်လှူဒါန်းပေးကြရန်လည်း မင်းကင်းမြို့နယ် အမှတ်(၅)တပ်ရင်း People Defence Force Taung Dwin Region-Minginမှ မေတ္တာရပ်ခံ တောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နွေဦးတော်လှန်ရေး
#မင်းကင်းမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly