ပခုက္ကူမြို့တွင် သက်ကြီးဘိုးဘွားများ အတွက် အယ်နီညိုအပူရှောင်စခန်း ဖွင့်လှစ်ထားရှိ

ပခုက္ကူမြို့တွင် သက်ကြီးဘိုးဘွားများ အတွက် အယ်နီညိုအပူရှောင်စခန်း ဖွင့်လှစ်ထားရှိ
ဓါတ်ပုံ ပြည်ဖြိုးကျော်(ပခုက္ကူ)

အယ်နီညိုရာသီဥတုမြင့်တက်လာပြီး သက်ကြီးဘိုးဘွားများ အပူဒါဏ်ကာကွယ်ပေးနိုင်ရေ အတွက် အယ်နီညိုအပူရှောင်စခန်းအား ပခုက္ကူမြို့ အမှတ် ၁၄ရပ်ကွက်ရှိ စနစ်သစ်ပုထိုးတိုက်ကျောင်းတွင် ဧပြီလ ၁၀ရက်နေ့မှ စတင်၍ ဖွင့်လှစ်ထားခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ အပူရှောင်စခန်းအနေနဲ့ နံနက် ၈း၃၀မှာ အဖိုးအဘွားတွေကို အိမ်တိုင်ရာရောက်လိုက်လံခေါ်ယူပြီး ညနေ ၆နာရီ မှာ အဖိုးအဘွားများကို အိမ်ပြန်ပို့ပေးပါတယ်။နံနက် ၁၁နာရီမှာ နေ့လည်စာ တကြိမ်ကျွေးပြီး နေ့လည် ၃နာရီမှာ အအေး တိုက်ပါတယ်။ လက်ရှိအချိန်အထိကတော့ ရပ်ကွက်ပေါင်းစုံမှ အသက်ကြီးဘိုးဘွားပေါင်း ၆၀ ဝန်းကျင်လာရောက်အပူရှောင်နေပါတယ် ဟု ပရဟိတလူငယ်တဦးဖြစ်သည့် ကိုသက်ထွန်းဆွေမှ မဇ္ဈိမသို့ ပြောသည်၊

ပခုက္ကူမြို့တွင်ဖွင့်လှစ်ထားသော အယ်နီညိုအပူရှောင်စခန်းအား မိုးဦးကာလအထိဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly