အက်ဖ်အေဖလားရခဲ့လျှင်တောင် အနာဂတ်မှာသေချာမှုမရှိဟု မန်ယူနည်းပြ ဗန်ဟားလ် ၀န်ခံ

အက်ဖ်အေဖလားရခဲ့လျှင်တောင် အနာဂတ်မှာသေချာမှုမရှိဟု မန်ယူနည်းပြ ဗန်ဟားလ် ၀န်ခံ

ဧပြီ ၂၄၊ အင်္ဂလန် ။             ။ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် အဲဗာတန်အသင်းကို အနိုင်ရပြီးနောက် မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က အသင်းအနေဖြင့် အက်ဖ်အေဖလားရရှိခဲ့လျှင်တောင် ၎င်း၏အနာဂတ်မှာ သေချာမှု မရှိကြောင်း ဝန်ခံပြောဆိုလိုက်သည်။

'ဒီပြိုင်ပွဲထက်ပိုကျော်ပြီး အနာဂတ်ကို မကြည့်ပါဘူး။ ကျွန်တော်တို့က လက်ရှိ ပစ္စုပ္ပန်မှာ နေထိုင်နေတာပါ။ အနာဂတ်နဲ့ ပတ်သက်တာကိုတော့ အသင်းဘုတ်အဖွဲ့နဲ့ ဆွေးနွေးသွားမှာပါ။

အက်ဖ်အေဖလားရခဲ့ရင်လည်း ကျွန်တော့်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်မပေးနိုင်ပါဘူး။ ဒါကို ဘုတ်အဖွဲ့ကပဲ ဆုံးဖြတ်ပါလိမ့်မယ်' ဟု ဗန်ဟားလ်က ပြောသည်။

မန်ယူအသင်းသည် အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် ဖယ်လိုင်နီ၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ခံလူ စမောလင်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သည့်အတွက် ပွဲပြီးခါနီးအချိန်အထိ ရုန်းကန်ခဲ့ရသည်။ နာကျင်အချိန်ပို အရောက်တွင်မှ မာရှယ်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

Ref: thesun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly