နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ အောက်တိုဘာ၂၀၂၃)

By မဇ္ဈိမ 
30 October 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၃၀ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့မှာ ၅ ရက်အကြာ ပြုလုပ်ခဲ့တဲ့ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာ ပါလီ မန်များ ညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ဦးဆောင်  သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ပြီး ညီလာခံမှာ တက်ရောက်ဆွေးနွေးခဲ့သည့် အချက် အလက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များတွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၃၄/၂၀၂၃)ကို အောက်တိုဘာ ၂၉ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    ရန်ကုန်တိုင်းရှိ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(ပကဖ) များက အောက်တိုဘာ ၂၆ ရက်မှ ၂၉ ရက် အထိ လေးရက်အတွင်း စစ်ကောင်စီပစ်မှတ် နေရာ ခုနစ်ခုကို တိုက်ခိုက်ကြောင်း သိရသည်။
•    နယ်စပ်အနီး ကျိုက်ဒုံဒေသမှာ KNU တပ်မဟာ ၆ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များကြား ၂ ရက်ကြာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူး စစ်ဆင်ရေးအဖွဲ့ က ယနေ့ စစ်ရေးသတင်းဖော်ပြသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကင်းရွာ နှင့် ကန်ကြီးရပ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက်ခြောက်နှစ်ရွယ်ကလေးငယ်တဦး ၊ ဆယ်ကျော်သက် အရွယ် ကိုရင် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ၊အနောက်မြောက်ခြမ်းကို အင်းအား ၂၀၀ လောက်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းထိုးလာ၍ ဒေသခံ ၂၀,၀၀၀ ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းကစပြီး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံများက ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ အုန်းတင်းကျေးရွာသို့ ၀င်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ဒေသအခြေစိုက်ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ပြန်ကြားရေးဗျူရိုမှ တာ၀န်ရှိသူက မဇ္စျိမသို့ ပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကင်းရွာ နှင့် ကန်ကြီးရပ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ် ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက်ခြောက်နှစ်ရွယ်ကလေးငယ်တဦး ၊ ဆယ်ကျော်သက် 
•    အရွယ် ကိုရင် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
•    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ သရက်နျစ်ဖျားလိန်ကျေးရွာအုပ်စု၊ ချောင်းခွ(ကေ) ကျေးရွာမှ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးမြင့်ကျော်ကို ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    အောက်တိုဘာလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့ညတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား ရင်ပြင်နှင့် ဗိုလ်တထောင်ဘုရားရင်ပြင်တို့တွင် စစ်ဆင်ရေး ၁၀၂၇ နှင့် ကိုးကန့်တပ်များ၏ အိမ်ပြန်ခရီး အား အောင်မြင်ပါစေကြောင်း အောင်သပြေလှုပ်ရှားမှု ဖော်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
•    
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးလေးရက်မြောက်နေ့ ယနေ့ အောက်တို ဘာ ၃၀ရက်တွင် စီးနင်းထိန်းချုပ်ထားပြီး အချက်အချာကျသော ဂုတ်တွင်းတံတားကို လည်း သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။
•    တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲများနှင့် ပတ်သက်ပြီး နှစ်ဖက် တွေ့ဆုံ ဆွေးနွေးအဖြေရှာကာ အပစ်ရပ်ကြရန် တရုတ်အစိုးရက တိုက်တွန်းထားသော်လည်း သတ်မှတ် ထား သည့် စစ်ဆင်ရေး ပစ်မှတ်များကို ပူးပေါင်းတပ်ဖွဲ့များနှင့် အတူ ဆက်လက် တိုက်ခိုက် သွားမည်ဟု ညီနောင်မဟာမိတ် သုံး ဖွဲ့က ထုတ်ပြန်သည်။
•    ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့ရှိ စစ်ကောင်စီ၏ မိုင်းလီတပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက် ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
•    Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကိုအားပေးသည့် ပြည်သူများကို ကျေးဇူးတင်ပြီး လူထု လိုလားသည့် မျှော်မှန်းချက်များ ပြည့်ဝသည်အထိတိုက်ပွဲဝင်မည်ဟု ‌မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ် ပြန်သည်။
•    ပဲခူးတိုင်းအရှေ့ခြမ်း ၊ ညောင်လေးပင်ခရိုင် ၊ မုန်းဒေသမှာ တိုက်ပွဲများကြောင့် ၉ ရက်တာအတွင်း ဒေသခံ ၂,၄၀၀ စစ်ရှောင်နေရကြောင်း KNU ဗဟိုက အသိပေးသည်။
•    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းက ဒေသခံပြည်သူ ၅ဦးထက်မနည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီ
•    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေချိန်တွင် နေပြည်တော်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
•    ချင်းပြည်နယ်၊ ဟားခါးနှင့် မင်းတပ်မြို့က စစ်ကောင်စီ၏ ဌာနဆိုင်ရာ အရာရှိများသည် အစိုးရရိပ်သာနှင့် စစ်တပ်ဝန်းထဲသို့ ရွေ့ပြောင်းနေထိုင်နေကြကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
•    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြိို့နယ်ကို ဆက်သွယ်ထားသော အာရှလမ်းမကြီး နှင့် ဒေါနတောင်ကျော်လမ်းတို့တွင် အစစ်အဆေးများ တင်းကျပ်နေကြောင်း ယာဉ်မောင်းများနှင့် ခရီးသွားလာရေးလုပ်ငန်းများထံက သိရသည်။
•    ကျားဖျန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နှင့် မိုင်းလားဒေသကို စစ်ကောင်စီ၏ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်အခွန်အဖွဲ့များ ဝင်နိုင်ရန် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရမည်ဟု စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက ပြောသည်။
•    ထန်တလန်မြို့အတွင်းသို့ ဝင်ရောက်နေရာယူ၍ ထားသည့် CNF ၊ CDF အား တပ်မတော်စစ်ကြောင်း များက တိုက်ခိုက်ချေမှုန်းပြီး ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးမှ ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၃၀ ရက် သုံးသပ်ချက်
•    တရုတ်ငွေလိမ်ဂိုဏ်းများ အကြမ်းဖက်စစ်တပ်နှင့်ပေါင်းစားကာ နိုင်ငံတကာကို လိမ်လည်မှု လူကုန် ကူးမှုများ  ပြုလုပ်နေ၍ မြောက်ပိုင်းမဟာမိတ်များက စစ်ကောင်စီတပ်များကို တိုက်ခိုက်တာ ဖြစ်ကြောင်း ကြေညာပြီးနောက် အကြမ်းဖက်စစ်ကောင်စီမှလည်း တိုင်းရင်းသားလက်နက်ကိုများနှင့်ပူးပေါင်းပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း အပြစ်ပြန်ဖို့နေသည်ကို တွေ့ရသည်။
•    မင်းအောင်လှိုင်တပ်သားများ ရှမ်းမြောက်တခွင်တွင် အသေများနေသော်လည်း မင်းအောင်လှိုင်နှင့်တကွ စစ်ကောင်စီအဖွဲ့ဝင်များသည် နေပြည်တော်တွင် အစားအသောက်မပျက် ပွဲကြည့်မပျက် နေထိုင်သည်ကို ကြည့်နေကိုလည်း တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly