ရှမ်းမြောက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးနေချိန် နေပြည်တော် ဆိုကရေးတီးပွဲ စစ်ခေါင်းဆောင် တက်ရောက်

30 October 2023
ရှမ်းမြောက် တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီသေဆုံးနေချိန် နေပြည်တော် ဆိုကရေးတီးပွဲ စစ်ခေါင်းဆောင် တက်ရောက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ သေဆုံးနေချိန်မှာ နေပြည်တော်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ကျဆုံးနေချိန် နေပြည်တော်မှာ အစဉ်အလာမပျက် ရိုးရာပွဲ ကျင်းပပြီး စစ်ခေါင်းဆောင်တွေ ပွဲတက်နေတဲ့အပေါ် စစ်တပ်ထောက်ခံသူတွေအကြား မေးခွန်းထုတ်နေကြပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ် = ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly