မလေးရှားတွင်  မြန်မာနိုင်ငံသား ၁၅၀ကျော် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရ

29 October 2023
မလေးရှားတွင်  မြန်မာနိုင်ငံသား ၁၅၀ကျော် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ Seremban(ဆရာဘမ်း)ရှိ  Templer , Taman Saga နှင့်  Lobakက  နေအိမ်တိုက်ခန်းများကို အောက်တိုဘာ ၂၇ ရက် ည၁၀နာ ရီ ၃၀မိနစ်ခန့်က စတင်၍  မလေးရှားနိုင်ငံ လဝက ဝန်ထမ်းများ နှင့် ရဲများ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးစစ်ဆေးရာ မြန်မာနိုင်ငံသား  ချင်းလူမျိုး အယောက် ၁၅၀ ဝန်းကျင် ဖမ်းဆီးခံရကြောင်း သိရသည်။

 UN ဒုက္ခသည် အသိအမှတ်ပြု ကတ်ပြားနှင့် စာရွက်စာတမ်းရှိသူများမှာ ပြန်လည်လွတ်မြောက်နိုင်ပြီး ကျန်သူများမှာ  တရားမဝင်နေထိုင်မှုဖြင့် တရားစွဲဆိုခံရပြီး‌ေနာက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်ကြောင်း သိရသည်။ 

‘’အဖမ်းခံရတဲ့သူတွေအတွက် တကယ်စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမဲ့ သူတို့မှာအထောက်အထား တခုခုရှိရင်တော့ ပြန်လိုက်ပြီးလုပ်ပေးလို့တော့ရပါတယ်။ မလေးရှားမှာ အခုမှရောက်လာပြီး ဒုက္ခသည်အဖြစ်အခုမှ  စာရင်းအသစ် တင်ထားသူတွေကတော့ မလွတ်ဘူး။  မြန်မာနိုင်ငံမှာပြန်ပို့ခံရမှာ။ ပြီးတော့ဒီနှစ်ကုန်ထိတော့ မလေးရှားမှာ အဖမ်းအဆီးကရှိနေမှာ ၊တချိုကျတော့လည်းမလေးနိုင်ငံသားတွေကတိုင်လို့ဝင်ဖမ်းတာရှိတယ်။သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းတွေကလည်း ခဏခဏသတိပေးတယ်။ ဒါပေမဲ့ နားမထောင်ကြဘူးဗျ’’ဟုလည်း မလေးရှားရှိ ချင်းအဖွဲ့အစည်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

မလေးရှားနိုင်ငံ ဥပဒေအရ  တရားမဝင်နေထိုင်မှု ပြစ်ဒဏ်ကို   ဒဏ်ငွေ  မလေးရှားငွေ ရင်းဂစ် ၁၀,၀၀၀ ထက် မပိုသော ပြစ်ဒဏ် ဖြစ်စေ၊  ထောင်ဒဏ် ငါး နှစ်အထိ ဖြစ်စေနှင့်  ပြစ်ဒဏ် နှစ်မျိုးလုံးဖြစ်‌ေစ ပေးနိုင်ပြီး၊ ယောကျာ်းလေးဖြစ်ပါက ကြိမ်ဒဏ် ခြောက်ချက်အထိ ပေးလို့ရကြောင်း တရားဝင် သတ်မှတ်ထားသည်။  

လတ်တလော ဖမ်းဆီးရမိသူများကို တရားမဝင်
နေထိုင်မူဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ခြောက်လအောက် အမိန့်ချမှတ်ပြီး မိမိအစီအစဉ်ဖြင့် အပြန်စရိတ် လေယာဉ်လက်မှတ်ဖိုး RM 730 ပေးပြီး  မြန်မာနိုင်ငွသို့ ပြန်ပို့ကြောင်းလည်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#မြန်မာသတင်း
#မလေးရှား
#တရားမဝင်နေထိုင်မှု

ဗီဒီယိုအညွှန်း - အောက်တိုဘာ ၂၇ ရက်ည ၁၀နာရီ၃၀ တွင်ချင်းလူမျိုးအယောက်၁၅၀ ကျော်ဖမ်းဆီးခံရစဉ် (ဗီဒီယို-ပေးပို့)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly