ချင်းရွှေဟော်ကို ထိန်းချုပ်ထားပြီး တစ်ရက်တည်းမှာပင် MNDAA က စစ်ကောင်စီစခန်း ၃၀ ကျော်ကို သိမ်းပိုက်

ချင်းရွှေဟော်ကို ထိန်းချုပ်ထားပြီး တစ်ရက်တည်းမှာပင် MNDAA က စစ်ကောင်စီစခန်း ၃၀ ကျော်ကို သိမ်းပိုက်

ချင်းရွှေဟော်ကို ထိန်းချုပ်ထားပြီး တစ်ရက်တည်းမှာပင် MNDAA က စစ်ကောင်စီစခန်း ၃၀ ကျော်ကို သိမ်းပိုက် ထားပြီးဟု The Kokang က သတင်းထုတ်ပြန်သည်။

Operation 1027 စတင်သည့် အောက်တိုဘာ ၂၇ ရက် တစ်ရက်တည်းမှာပင် စစ်ကောင်စီ၏ စခန်းအကြီး၊ အသေး စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကာ စစ်ကောင်စီ တပ်သား ရာဂဏန်းခန့်ကိုလည်း ချေမှုန်းနိုင်ကာ စစ်သုံ့ပန်း ၁၀ ဦးကိုဖမ်းဆီးနိုင်ခဲ့သည်ဟု The Kokang က ဖော်ပြသည်။

သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများကို MNDAA က တပြိုင်နက် ၀င်ရောက်တိုက်ခိုက်ခြဲ့ခင်းဖြစ်ပြီး သိမ်းပိုက်ခဲ့သည့် စခန်းများအနက် အချို့ကို ဖော်ပြထားသည်။

အောက်တိုဘာ ၂၇ ရက် နံနက် ၃ နာရီ ၅၀ မိနစ်ခန့်တွင် ကိုးကန့်တိုက်နယ်အတွင်းရှိ ချင်းရွှေဟော်ဒေသ၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ချင်းရွှေဟော်တံတားရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ဦးစွာသိမ်းယူခဲ့သည်။

ယင်းနောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် ဟိုပန်တာချန်ခုတ် ၊ ချင်းရွှေဟော်နယ်စပ်ဂိတ် ၊ မာလူအိုက်ဖိုင် ၊ ပိုက်ထာ ပေါက်ပေါက် ၊ နန်တောင်ဟော်တောင်ကုန်း စသည့်စစ်ကောင်စီ တပ်စခန်းများကို တပြိုင်နက်သိမ်းယူနိုင်ခဲ့ပြီး ဟိုပန် နှင့် နမ်ဟူဒေသကို ဆက်သွယ် သည့် ဟိုပန်တံတားကြီးကိုလည်း ဖောက်ခွဲနိုင်ခဲ့သည်ဟု ဖော်ပြသည်။

၆ နာရီ ၃၀ မိနစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းတည်ရှိသော  ကြာမိန်ခုတ်ဒေသကို  စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီး နေ့လည် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် လည်းကောင်း၊ ညနေ ၂ နာရီ ၃၀ မိနစ်ခန့် မာဟွာချင်းရာခုတ်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု The Kokang ကဖော်ပြသည်။

ထို့ပြင် နမ့်ဖားရှမ်းတိုက်ပွဲတွင်လည်း MNDAA ၏ ‌မြေပြင်တပ်ဖွဲ့ များက တစ်နာရီသာတိုက်ခိုက်ခဲ့ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကာ စက်သေနတ်(၁)လက် ၊Shot Gun (၁)လက် ၊ စကားပြောစက်(၄)လုံး ၊ ၆၀ မမ ကျည်(၄၀)လုံး၊ စက်လက်ကျည် (၂၀၀၀)ကျော် ၊ 5.56 ကျည် (၃၀၀၀)ကျော် ၊ လက်ပစ်ဗုံးသီး (၂၀)လုံး၊ နှင်းမိုင်း(၂) လုံး ၊ စက်သေနတ်ကျည်ကပ်(၁) ၊ကျည်ကပ်(၂)နှင့် အခြားစစ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ သည်။

အလားတူ ကန့်ဝမ်ထန်ရွာ နှင့် ခုမာရွာကြား ကုတ်ထုတ်ပေါက် ‌ပေါက် ‌တောင်ကုန်းကို နံနက် ၇ နာရီ ၄၀ မိနစ်တွင် စစတင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းကိုသိမ်းယူကာ လက်နက်ခဲယမ်း များသိမ်းဆည်းရရှိခဲ့သည်။

ထို့ပြင် စစ်ကောင်စီနှင့်ပယ်စောက်ချိန်တို့ ကာလရှည်တပ်စွဲထား သည့် ကြာကြည်ရှူတပ်စခန်းကို နေ့တပိုင်းနှင့် သိမ်းဆည်းနိုင်ခဲ့ သည်ဟု The Kokang ကဆိုသည်။

နာမည်ကျော် မုံးကိုးဒေသရှိ စခန်းများဖြစ်သည့် ရှိကျိကျတောင် ကုန်း ၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း ၊ ကျင်ကော်တစ်ပေါက်‌ ပါက် ‌တောင်ကုန်း နှင့်ပိုင်ဖိန်ပေါက်ပေါက်တောင်ကုန်း စသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားရာ နံနက် ၁၀ နာရီတွင် ကွမ်ထန်ပေါက်ပေါက်တောင်ကုန်းကိုလည်းကောင်း၊ညနေ ၄ နာရီ ၄၃ မိနစ်တွင် ရှိကျိကျတောင်ကုန်းရှိ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်း(၂)ကို လည်းကောင်းထပ်မံသိမ်းယူနိုင်ခဲ့သည်။

ထို့ပြင် ညနေ ၂ နာရီ ၈ မိနစ်တွင် နမ်ကျွမ့်ဒေသရှိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်း(၂)ခုနှင့် ချင်းရွှေဟော်မှ ကွမ်လုံကြားရှိ စစ်ကောင်စီတပ်ဖွဲ့၏ကျန်လန်ကန်ရွှေ တပ်စခန်းလည်း တိုက်ခိုက်သိမ်းယူခဲ့သည်ဟု သိရသည်။

ထို့ပြင် ကွတ်ခိုင်ခရိုင် ပန်ဆိုင်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စခန်း(၁)ခု လည်းကောင်း၊ မူပန်ခရိုင် ဟိုပန်အုပ်စု ရှောက်မန်ပန်ရောဘာတောင်ကုန်းနှင့် မိုင်းတင်လက်ဖက် ‌တောင်ကုန်းရှိစစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဟိုပန်အုပ်စု မာချီနှော ရှိစစ်ကောင်စီ တပ်စခန်းကို လည်းတိုက်ခိုက်သိမ်းယူခဲ့သည်။ 

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်(၈)ဦးဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့သည်။

လတ်တလောတွင်လည်း စစ်ကောင်စီတပ်စခန်းများကို ထပ်မံတိုက်ခိုက်လျက်ရှိသည်ဟု The Kokang က ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly