အင်ဒို-ဘင်္ဂလာညီလာခံတွင် ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုများအကြောင်း ပညာရှင်များ ဆွေးနွေး 

အင်ဒို-ဘင်္ဂလာညီလာခံတွင် ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုများအကြောင်း ပညာရှင်များ ဆွေးနွေး 

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အစ္စလာမ်ပညာရှင်များသည် အိမ်နီးချင်းနိုင်ငံများရှိ အစွန်းရောက်အုပ်စုများ၏ ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်ဝါဒဆိုင်ရာ စိန်ခေါ်မှုများကို နယူးဒေလီမြို့တော်၌ ကျင်းပသည့် အင်ဒို-ဘင်္ဂလာညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။ 

'နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ' ခေါင်းစဉ်ဖြင့် ကျင်းပသော စကားဝိုင်းကို အောက်တိုဘာ ၂၀ ရက်က အင်ဒို-အစ္စလာမ်အမွေအနှစ်စင်တာ၌ ကျင်းပခဲ့သည်။ 

"ဆူဖီဝါဒဟာ အကြမ်းဖက်ဝါဒ၊ အမြစ်လှန်ပြောင်းလဲလိုတဲ့ဝါဒနဲ့ အစွန်းရောက်ဝါဒတို့ကို မထောက်ခံပါဘူး။ ဆူဖီဝါဒဟာ ငြိမ်းချမ်းရေးအတွက် အမြဲလုပ်ဆောင်နေသလို နိုင်ငံတကာရေးရာ သဟဇာတဖြစ်အောင်လည်း ကြိုးပမ်းခဲ့ပါတယ်။ " ဟု ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်တပ်ဦး (BIF) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး မိုဟာမက်အဗ္ဗဒူရာဟင်က ANI သို့ ပြောကြားခဲ့သည်။ 

ဂျာမက်-အီ-အစ္စလာမ်၊ အိုင်အက်နဲ့ ဂျာရစ်-အီ-မိုဟာမက်ကဲ့သို့သော အကြမ်းဖက်အဖွဲ့များသည် အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုပြီး အစ္စလာမ်နှင့် မသက်ဆိုင်ဟု ရာဟင်က မှတ်ချက်ပြုခဲ့သည်။ 

အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်တို့သည် ဆူဖီဝါဒကို နက်နက်ရှိုင်းရှိုင်း ယုံကြည်သူများဖြစ်သောကြောင့် အစွန်းရောက်ဝါဒကို အတူတကွ တိုက်ဖျက်သင့်သည်ဟု ဘင်္ဂလားဒေ့ရှ်မှ ဒေါက်တာ ဟာဖီဇာ ရာမန်က ညီလာခံတွင် ပြောကြားခဲ့သည်။ 

“၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေးအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်တုန်းက ပါကစ္စတန်စစ်တပ်နဲ့ ဂျာမက်-အီ-အစ္စလာမ်ပါတီကို ထောက်ခံသူတွေဟာ အာဒူဘာသာစကားမပြောသူတွေကို သတ်ပစ်ခဲ့ကြတယ်။ ဘင်္ဂါလီစကားပြောတဲ့ မွတ်စလင်တွေရော မွတ်စလင်မဟုတ်သူတွေရောကိုပါ သတ်ဖြတ်ခဲ့ကြတယ်။ ဒါတွေအားလုံးဟာ အဘူအယ်လ်အလာအယ်လ်မော်ဒူဒီရေးသားတဲ့ ဂျာမက်-အီ-အစ္စလာမ်တွေရဲ့ အစွန်းရောက်စာပေကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အရင်းအမြစ်တွေဟာ ဆူဖီဝါဒနဲ့ အတူ ကြီးထွားလာခဲ့ပြီး အစ္စလာမ်ပညာရှင်အသီးသီးရဲ့ သွန်သင်မှုတွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာပါ” ဟု  ဒေါက်တာ ဟာဖီဇာ ရာမန်က ဆိုသည်။ 

အိန္ဒိယသည် “တစ်ခုတည်းသော ကမ္ဘာမြေ ၊ မိသားစုတစ်စု” ဟူသော ဆောင်ပုဒ်ဖြင့် ညီနောင်များကို နှစ်ပေါင်း ၅၀၀၀ ကျော် သင်ကြားပို့ချခဲ့ကြောင်း ရာမန်ကပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှ သင်ကြားပို့ချမှုများသည် ဇာတ်၊ အယူဝါဒ၊ ကျား/မနှင့် ဘာသာမခွဲခြားဘဲ လူများကို ပေါင်းစည်းရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။  

“အစွန်းရောက်စာပေတွေကို လုံးဝ ချေမှုန်းပစ်ဖို့ အချိန်တန်ပါပြီ။ ဒါမှသာ လူငယ်တွေကို စည်းလုံး ပေါင်းစည်းစေပြီးတော့ အစွန်းရောက်အတွေးအခေါ်ဟူသမျှ ပျောက်ပျက်သွားမှာပါ” ဟု ရာမန်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly