လားရှိုးတွင် တိုက်ပွဲဆက်ဖြစ်၊ နေအိမ် ၂ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီး(ရုပ်သံ)

By ဂျူချန်း၊ ရွှေနွယ်(မဇ္ဈိမ)
28 October 2023
လားရှိုးတွင် တိုက်ပွဲဆက်ဖြစ်၊ နေအိမ် ၂ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီး(ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လားရှိုးမြို့ ရပ်ကွက် (၁၂)က ကန်မိန်းကျောင်းအနီးမှာ ဒီနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က အပြန်အလှန်ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက် (၅) အစွန်ဘက်ခြမ်းမှာလည်း လေကြောင်းဗုံးကြဲတာအပြင် ဟူးမွန်ဆည်နဲ့  နတ်ရေကန်တို့ဘက်မှာလည်း ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေကြရတဲ့အကြောင်း လားရှိုးမြို့ဒေသခံ‌တွေဆီကနေ သိရပါတယ်။

မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ည ၁၁နာရီကျော်အချိန်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လားရှိုးမြို့၊ ရပ်ကွက်(၅)မှာရှိတဲ့ နေအိမ်နှစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုရှိခဲ့တယ်လို့ လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ လားရှိုးမြို့အနီးက ဒေသခံ ၂,၀၀၀ ကျော်ဟာလည်း လားရှိုးမြို့ မန်ဆူကျန်း ဘုန်းကြီးကျောင်းမှာ လာရောက်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly