နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ အောက်တိုဘာ၂၀၂၃)

By မဇ္ဈိမ 
27 October 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့တွင် အန်ဂိုလာအမျိုးသားလွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိနေသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ General Debate အစီအစဉ်ကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ပွဲ အစည်းအဝေး (၃၇/၂၀၂၃)ကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီမှာပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးနဲ့ NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တို့က ဩစတေးလျနိုင်ငံ၊ Sydney မြို့၌ မြန်မာဆရာဝန်များ (Medical diasporas) နှင့် တွေ့ဆုံကာ မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့များကြား စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ဖို့လိုအပ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
•    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် သုံးကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း Black Wolf-Army တာဝန်ရှိသူက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသည် ယနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ်ဆိပ်သို့‌ ခြေလျင်ဆင်းလာစဉ် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး သေနတ်တလက်နှင့် ကျည်အချို့သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ ဓါးမဆိုင်းတပ်မတော်က သတင်းထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်အတွင်းရှိ နေရာငါးခုကို စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် အနီးအနားမှ လူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
•    စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးအား ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းယူနိုင်ခဲ့သည်ဟု ယင်းမာပင်ခရိုင်တပ်ရင်း -၂၈ ( ဓါးမဆိုင်းတပ်မတော်) တာဝန်ခံက ဗိုလ်စွမ်းသူမောင် က ပြောသည်။
•    ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၂၉၃ ဦးသေဆုံးခဲ့ပြီး ၅၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP )က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
•    မန္တလေးမြို့မှ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီက အေးဆေးတည်ငြိမ်သော ပုံရိပ်ကို မရမက ဖန်တီးပုံဖော်ကာ ကျင်းပနေသည့် ပွဲတော်များတွင် မျောပါမသွားကြရန် No More Dictatorship People Defence Force (NMD)က သတိပေးချက် ထုတ်ပြန်ထားသည်။
•    ငါန်းဇွန်မြို့မှ မြို့နယ်အဆင့် လမ်းဦးစီးအရာရှိနှင့် စားသုံးသူရေးရာဦးစီးအရာရှိသည် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၏စစ်ဆေးမှုကို လက်မခံဘဲ ကားမောင်းနှင် ထွက်ပြေးစဉ် တားစီးပစ်ခတ်ရာ နှစ်ဦးစလုံးသေဆုံးသွားကြောင်း ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ကပြောသည်။
•    မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီးကျင်းပနေသည့် ကျောက်တော်ကြီးဘုရားပွဲခင်းအတွင်း ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်က ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားရာ စျေးသည်အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပွဲခင်းအတွင်း တည်ခင်းရောင်းချနေသော စျေးသည်များထံက သိရသည်။
•    ကာလရှည်ကြာပိတ်ပင်ထားသည့် ထောင်ဝင်စာလူတွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်သော်လည်း သေဒဏ်၊ တသက်တကျွန်းနှင့် နှစ် ၂၀ အထက် ထောင်ဒဏ်ကျခံရသူများကိုတော့ ထောင်ဝင်စာတွေ့ ခွင့် မပေးကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသူများကပြောသည်။
•    မကွေးတိုင်း၊ ပေါက်မြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာ လက်နက်ခဲ ယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။
•    Emptiness Logo လေလံတင်ခြင်း နှင့် ‌မြေပြင်ရဲဘော်များကိုကူညီခြင်း အစီအစဉ်မှ အလှူငွေ သိန်း ၃၅၀ ကျော်ရရှိခဲ့ပြီး မြေပြင်သို့တိုက်ရိုက်လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း တော်လှန် အနုပညာရှင် ဒေါင်း က အသိပေးထားသည်။
•    တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပကာရီရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ချင်းပြည်နယ် ၊ မင်းတပ်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ကသွားရောက်တိုက် ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
•    ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်၏ တပ်ရင်းမှူး ကျသွားကြောင်း KNU ဘက်မှ သတင်းထုတ်ပြန်သည်။
•    ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့တွင် တိုက်ပွဲဆက်လက်ဖြစ် ပွားခဲ့ကြောင်း MNDAAက ယနေ့ သတင်းထုတ်ပြန်သည်။
•    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းပြီး စခန်းအား မီးရှို့ဖျက်ဆီးလိုက် ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ
•    မြန်မာနိုင်ငံအနေဖြင့် အခုဘဏ္ဍာနှစ်ဝက်ကာလတွင် တရုတ်၊ ထိုင်း၊ စင်ကာပူတို့နှင့် ကုန်သွယ်မှု ပမာဏအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
•    ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် ရေကြောင်းနှင့် လေကြောင်းသတိပေးချက်ကို ယနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ကြေညာထားချက်အရ သိရသည်။
•    ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်း အဝေးတွင် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် ရာခိုင်နှုန်း ပြည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု လုပ်ငန်း (၆)ခုကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။
•    ရုရှား အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ထုတ်ပြန်သည်။
•    ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံပညာသင်ရိုး  သစ် နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာသင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို ပြုလုပ်နေကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထား သည်။
•    အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် စေတနာသွေးလှူရှင်များ စုပေါင်းသွေးလှူဒါန်းမှု ကြည့်ရှုအားပေးခဲ့ ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၆ ရက် သုံးသပ်ချက်
•    စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်းအတွင်း စခန်းတစ်ခုပြီးတစ်ခု ကျနေသလို တပ်ရင်းမှူးအဆင့် အပါအဝင် အများအပြားသေဆုံးနေသည်ကိုလည်းတွေ့ရသည်။
•    စစ်ကောင်စီဖိတ်ခေါ်မှုဖြင့် ရုရှားစီးပွားရေးလုပ်ငန်းများ အစုအဖွဲ့များ လာရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တကယ်လက်တွေ့ အလုပ်ဖြစ်မဖြစ်ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly