ပူးပေါင်းစစ်ဆင်ရေးဟာ အားကောင်းတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ABSDF ပြော

By မောင်ခက်နွေ (မဇ္ဈိမ)
25 October 2023
ပူးပေါင်းစစ်ဆင်ရေးဟာ အားကောင်းတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ABSDF ပြော

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနား ဗန်းမော်လမ်းပိုင်း နန့်ဆန်ယန် အနီးမှာ ရှိတဲ့ လိုင်လွမ်အောင်ဂျာစခန်းကို  KIA နဲ့ ပူးပေါင်းမဟာမိတ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒီလို သိမ်းပိုက်ရာမှာ  ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရက္ခိုင့်တပ်တော် (AA)၊   မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma)  စတဲ့ မဟာမိတ် ငါးဖွဲ့တို့နဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီလို ပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က မဟာမိတ်ငါးဖွဲ့ကိုပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာ လက်ခံရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က  ထုတ်ပြန်လာပါတယ်။ 

ဒီသတင်း အပြည့်အစုံကိုတော့ မဇ္ဈိမ ဝိုင်းတော်သား ခက်နွေက ပေးပို့တင်ဆက်ထားပါတယ်။ 

တင်ဆက်/တည်းဖြတ် - မောင်ခက်နွေ
စာတည်း- သန့်ဇော်(သန်လျင်)

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly