ရန်ကုန် ရေကြီးရေလျှံတဲ့အပေါ် ဒေသခံတွေဘာပြောလဲ

By ဂန္ဒမာ (မဇ္ဈိမ)
25 October 2023
ရန်ကုန် ရေကြီးရေလျှံတဲ့အပေါ် ဒေသခံတွေဘာပြောလဲ

ရန်ကုန်တိုင်းအတွင်း ယမန်နေ့ အောက်တိုဘာ ၂၄​ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါတယ်။

မိုးရာသီကာလအတွင်းမှာတော့ နှစ်စဉ်ရေကြီးနေကြဖြစ်တဲ့ တာမွေ ၊ ဗဟန်း ၊ရန်ကင်း ၊ တောင်ဥက္ကလာပနဲ့ ဒဂုံမြို့သစ်မြို့နယ်များမှာလည်း ယမန်နေ့က လမ်းမပေါ်အထိ ရေလွှမ်းမိုးမှုများရှိခဲ့တာဖြစ်ပါတယ်။

ယခုနှစ််မှာတော့ ရွှေတိဂုံဘုရား စောင်းတန်းလှေကားထစ်များမှာပါ မိုးရေစီးဆင်းမှုများဖြစ်ပေါ်တာကိုလည်း တွေ့မြင်ရပြီး ယခုလို မိုးရွာသွန်းမှုများဖြစ်ပေါ်တာနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ရေကြီးရေလျှံမှုတွေအမြဲလိုဖြစ်တဲ့အပေါ် ဒေသခံတွေရဲ့ စကားသံကို မဇ္ဈိမ က ယခု ဗီဒီယိုမှာ ဖော်ပြထားပါတယ်။

ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly