မုန်တိုင်းကြောင့် ဒေသ ၇ ခု မိုးကြီးမယ့် သတိပေးချက် မိုးဇလ ထပ်မံထုတ်ပြန်

By ဂျူချန်း
25 October 2023
မုန်တိုင်းကြောင့် ဒေသ ၇ ခု မိုးကြီးမယ့် သတိပေးချက် မိုးဇလ ထပ်မံထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးကနေ  ဖြတ်ကျော်ဝင်ရောက်‌နေတဲ့ “ဟမွန်း” ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့ အောက်တိုဘာလ ၂၅ရက် မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးတာနဲ့အတူ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိပြုကြဖို့ ပြောထားပါတယ်။

ဒါ့အပြင် ရခိုင် ကမ်းရိုးတန်းတလျှောက်နဲ့ဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့လည်း မိုးဇလက သတိပေးထားပါတယ်။

ပြည်တွင်းလေကြောင်းပျံသန်းတာ အပါအဝင် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောတွေ အနေနဲ့လည်း လေပြင်း သတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly