အသေမွေး NCA ကင်ပွန်းတပ်ပွဲ

By Spring
23 October 2023
အသေမွေး NCA ကင်ပွန်းတပ်ပွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် တအားလုပ်ချင်နေတဲ့ NCA နှစ်ပတ်လည်ပွဲကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ သူ့လူတစ်သိုက်နဲ့ ပြုလုပ်သွားခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် အာဏာသိမ်း စစ်ခေါင်းဆောင်ပြော ခဲ့သလို လေးနက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ် မဖြစ်တော့မသိပါဘူး။ သူကတော့ NCA သက်တမ်းတစ်လျှောက် ဘယ်ခေါင်းဆောင်မှ မ လုပ်ဖူးတဲ့လုပ်ရပ်တစ်ခုကို လုပ်သွားခဲ့ပါတယ်။

ဟန်တလုံးပန်တလုံးနဲ့ NCA ပွဲကိုတက် ရောက်ခဲ့ပြီး “လမ်းမသိခွေးနောက်လိုက်” ဆိုသလိုပဲ အားလုံးရှေ့မှာ တသီးတသန့်နဲ့ ထိုင်ခုံကြီးတစ်လုံး ရှေ့ချပြီး ထိုင်းသွားခဲ့တာပါ။

#politics
#mizzimatv 
#newsfeature 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly