ဒီပဲယင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်

By MTO (မဇ္ဈိမ)
23 October 2023
ဒီပဲယင်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလာလို့ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်

ဒီပဲယင်းမြို့နယ်ကို အောက်တိုဘာ လ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ ဦးရေ ၁၀,၀၀၀ လောက်က ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၉ ရက်နေ့က ရေဦးမြို့နယ်ကနေ ဒီပဲယင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်သလို သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေအတွက် ဆေးဝါးများလိုအပ်နေတယ်လို့ စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေတဲ့ ဒီပဲယင်းညီနောင်များအဖွဲ့က ကိုကြီးဖြိုးက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်၊တည်းဖြတ် -- MTO

#မြန်မာသတင်း

#ဒီပဲယင်းမြို့နယ်

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly