ပါရီရာသီဥတုပြောင်းလဲရေး သဘောတူညီမှု နိုင်ငံများ လက်မှတ်ရေးထိုး

ပါရီရာသီဥတုပြောင်းလဲရေး သဘောတူညီမှု နိုင်ငံများ လက်မှတ်ရေးထိုး

နယူးယောက်၊ ဧပြီ ၂၃ ။              ။ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပါရီရာသီဥတုပြောင်းလဲရေး သဘောတူညီမှုကို ကိုယ်စားလှယ်နိုင်ငံများက အဆုံးသတ်လက်မှတ်ရေးထိုး လိုက်ကြပြီဖြစ်သည်။

နိုင်ငံတကာသဘောတူညီမှုသစ်တစ်ရပ်ကို သမိုင်းတွင်တစ်ရပ်အဖြစ် နိုင်ငံပေါင်း ၁၇၁ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

ကျွန်းနိုင်ငံငယ်လေးများအများစုဖြစ်သည့် နိုင်ငံ ၁၅ နိုင်ငံလည်း သဘောတူညီမှုတွင် ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်။

သို့သော်လည်း ပဋိညာဉ်သဘောတူညီမှု သက်ဝင်အောင်အတွက် ဒုတိယအဆင့်ကို အခြားသောနိုင်ငံဒါဇင်များစွာ ပါဝင်လက်မှတ်ထိုးရန် လိုအပ်သေးသည်။

“ပါရီသဘောတူညီမှုက အနာဂတ်မျိုးဆက် ဘဝတွေအတွက် ဖြောင့်ဖြူးတဲ့ လမ်းကြောင်းပုံစံပါပဲ။”ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသည်။

ဂြိုဟ်ကမ္ဘာအနေဖြင့် စံချိန်တင်အပူချိန်မြင့်မားမှုကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း အဖွင့်မိန့်ခွန်းတွင် ဘန်ကီမွန်းကပြောသည်။ “ကျွန်တော်တို့က အချိန်နဲ့ ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲတွင်းမှာ ရှိနေပါတယ်။ နိုင်ငံတိုင်းကို တိုက်တွန်းလိုတယ်။ အမျိုးသားရေးအဆင့်အဖြစ်နဲ့ ပါရီသဘောတူညီမှုမှာ ပါဝင်လက်မှတ်ထိုးပေးကြပါ။”ဟု ဘန်ကီမွန်းက ပြောသည်။

“ယနေ့မှာ ကျွန်တော်တို့က နောင်အနာဂတ်ကာလအတွက် သဘောတူညီမှုတစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြတာပါပဲ။”ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly