နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အစ္စရေးနှင့် ဂါဇာတို့အကြား တိုက်ပွဲတွေအတွင်း၌ ဒုက္ခရောက်နေသော မြန်မာပြည်သူများ အပါ အဝင် နိုင်ငံခြားသားများ၊အရပ်သားပြည်သူများ အားလုံးကို အကာအကွယ်ပေးရန် အတွက် အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက  တိုက်တွန်းသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက် နွေဦးဘဏ် အသုံးပြုသူများ လှူဒါန်း ခဲ့သည့် ကျပ်သိန်း ၁၁၀ကျော် ကောက်ခံရရှိခဲ့ကြောင်း Spring Development Bank က ပြော သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၃၄/၂၀၂၃)ကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အုပ်ချုပ်ရေးဧရိယာ ကျယ်ပြန့်ရန်ဆိုသည့်ကိစ္စက တော်လှန်ရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည်။

မြန်မာပြည်သူများအပေါ် စစ်တပ် ကျူးလွန်နေသော လုပ်ရပ်များသည် လူ့အခွင့်အရေး ချိုး ဖောက်မှု မျှသာ မဟုတ်ဘဲ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ၊ အထူးသဖြင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများက ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ဥရောပသမဂ္ဂထံသို့ "ပရာ့ဂ် ပန်ကြားချက်" ထုတ်ပြန်တောင်းဆိုလိုက်ပြီး ယင်းပန် ကြားချက်တွင် မြန်မာ စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရမည့်အချိန်မဟုတ်ဘဲ စစ်ကောင်စီကို တရားဝင်မှု မပေးရန်နှင့် အတုအယောင် ရွေးကောက်ပွဲ ကို အသိအမှတ်မပြု ရန် တောင်းဆိုထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်က စစ်ရှောင်နေကြရသည့် ကလေးငယ်များနှင့် အမျိုးသမီးများတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြရကြောင်း စစ်ရှောင်များကို ကူညီပေးနေသော ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ၏ အတွင်းရေးမှူး (၂) မော်ဖရေမြာက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ၊ ကံဇီး (ပျူစောထီး) ရွာမှ ထွက်လာသော ရဲနှစ်ဦးကို ကာကွယ် ရေးပူးပေါင်းတိုက်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး ၎င်းတို့ ကိုင်ဆောင်သော သေနတ်နှစ် လက်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၅) Aung San Force က မဇ္ဈိမကို အတည်ပြု ပြောသည်။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့ပေါ် ရှိ ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားကြောင်း ချင်းတွင်းတိုး နယားတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုး နေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေကြောင်း Infinity Group ထံမှ သိရသည်။

ကနီမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် လူထုဖက်ဒရယ်လှုပ်ရှားမှု အဖြစ် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့၌ ဖက်ဒရယ် ဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နှင့် မုံးကိုးမြို့နယ်ကြားတွင် တည်ရှိသည့် ဝိန်းလာတောင်၌ စခန်းချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၇ တပ်စခန်းတစ်ခုလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ တပ်ရင်း (၁၁) ဖွဲ့စည်းမှု ၂ နှစ်ပြည့်သည့် အချိန်တွင် တပ်ရင်းမှူး အပါအဝင် ရဲဘော် ရဲဘက် ၁၄ ဦး ကျဆုံးခဲ့ရကြောင်း KNDF တပ်ရင်း (၁၁) က အောက်တိုဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက် အလက်များအရ စံချိန်တင် စစ်အသုံးစရိတ်နှင့်အတူ ဘတ်ဂျက်လိုငွေ ဆက်လက်မြင့်တက်နေပြီး လက်ရှိဘဏ္ဍာနှစ်တွင် ကျပ် ၈ ဘီလျံနီးပါးအထိ လိုငွေရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ် မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ စခန်းအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိကြောင်း စစ်ကောင်စီထောက်ခံသူများမှ ဖြန့်ဝေထားသည်။

စစ်ဘေးဒုက္ခသည်များ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အများအပြား သေဆုံးဒဏ်ရာရခဲ့ခြင်းနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အလွန်စိုးရိမ်ကြောင်းနှင့် ရှုတ်ချ ကြောင်း ထုတ်ပြန်ခဲ့ခြင်းကို စစ်ကောင်စီက ကန့်ကွက်သည်။

ရုရှားနှင့် မြန်မာ ချစ်ကြည်ရင်းနှီးမှု (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်မြောက်ပိုင်း၊ အမှတ် (၃၄) တိုးချဲ့ရပ်ကွက်၊ မြေကွက်အမှတ် (F-6/B)၊ မြေဧရိယာ ၁ ဒသမ၂၅ ဧက ပေါ်တွင် ရုရှားအော်သိုဒေါ့ခရစ်ယာန် ဘုရားကျောင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။

အခုဘဏ္ဍာနှစ် ခြောက်လကျော်ကာလအတွင်း မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှု တန်ဖိုး မြင့်တက် လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

ရုရှားနိုင်ငံ၏ ကင်ဆာရောဂါကုဆေးဝါးများ အသုံးပြုပြီး မြန်မာနိုင်ငံရှိ ကင်ဆာဝေဒနာရှင်များကို ကုသပေးရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရုရှားနှင့် မြန်မာက မြို့တစ်မြို့စီကို ညီအစ်မ မြို့တော်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။
မိုဘိုင်းငွေပေးချေမှု Myanmar Pay စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ သန်းသန်းဆွေက ကပြောသည်။

အောက်တိုဘာ ၂၀ ရက် သုံးသပ်ချက်

အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံအာဏာကို မတရားသိမ်းပြီးကတည်းက ရုရှားနိုင်ငံကို ဆရာတင်ကာ အားကိုနေရာမှ ယခုအခါ ယခင်ကထက် ပိုမိုအားကိုလာပြီး ရုရှား အားကိုပုစိန်ရိုးဖြစ်နေပြီဟု ဆိုရမည်ဖြစ်သည်။

KIA နှင့်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အသေများကာ စခန်းတစ်ခုပြီးတစ်ခု သိမ်းခံနေရသော်လည်း စစ်ကောင်စီလော်ဘီများမှ အသိမ်းမခံရကြောင့် လိမ်လည် ဝါဒဖြန့်ကာ သတင်းဖုံးကွယ်ရန် ကြိုးစားနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required