နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ အောက်တိုဘာ၂၀၂၃)

By မဇ္ဈိမ 
19 October 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေး နွေးပွဲအစည်းအဝေး (၃၆/၂၀၂၃)ကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ ကြသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေခြင်းကြောင့်ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း People’s Defense Comrade အဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း ထား သည့် ကျေးရွာပေါင်းစုံသပိတ်ကော်မတီသည် စစ်အာဏာရှင်ဆန့်ကျင်းရေးနှင့် စစ်ကောင်စီ ထုတ် ကုန်များမသုံးစွဲရေးလှုံ့ဆော်မှုကို အောက်တိုဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြ သည်။
•    ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံရေးအကျဉ်း သားများထဲမှ ၂၆ ဦးကို အကျဉ်းထောင်ဘက်က လျှော့ရက်ပိတ်ခြင်းနှင့် အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်နေကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ - မန္တလေးလမ်းပိုင်း၌ ခရီးသွားများအား တောင်းခံသည့် စစ်အုပ်စုအားတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က သတင်းထုတ်ပြန်သည်။
•    စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အောက်ပိုင်းရှိ ပျူစောထီးကျေးရွာများသို့ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီမော်တော်ရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက ပြောသည်။
•    စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သဲကုန်းကျေးရွာမှအရပ်သား ခြောက်ဦး သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်က ယမန်နေ့တွင် အရပ်သားတစ်ဦးကို ထပ်မံသတ်ဖြတ်သွားကြောင်း ယင်းမာပင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အင်အား ၁၀ ဦးဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်နေရာခွဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲရှိ ကျေးရွာ တရွာတွင် ဒေါနတနင်္သာရီမှ ဒေသလိုအပ်ချက်အရ အသက် နှစ်နှစ်နှင့် အထက် ကလေးသူငယ်များကို သန်ကောင် တုပ်ကောင်နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေး ဆွေးနွေးမှု အစီအစဥ်နှင့် စာသင်ကျောင်း နှစ်ခုမှ ကျောင်းနေအရွယ် ကလေးငယ်များကို ကျောင်းသုံးစာအုပ်များမျှဝေငှခြင်း အစီအစဥ်တို့ကို ပြုလုပ်ခဲ့ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။
•    မြန်မာစစ်တပ်ကို အရေးယူနိုင်မည့်လမ်းကြောင်းအားလုံးနှင့် အချိန်မဆိုင်း ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများကို အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။
•    ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စု (၈)မိုင်မှ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူးနှင့် ၎င်း၏ဇနီးဖြစ်သူကို လမ်းမှနေ၍ စောင့်ကြိုပစ်ခတ်အရေးယူခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မြန်မာစစ်အုပ်စုထံ ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရောင်းချပေးမှုဖြင့် ND SatCom GmbH ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ ရေ့စ်ဘင်စဘာ့ဒ်မြို့ရှိ အစိုးရရှေ့နေရုံးက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ် ဆေးမှု စတင်လုပ်ဆောင်နေပြီဟု Justice For Myanmarကယမန်နေ့(အောက်တိုဘာ ၁၈) တွင် ထုတ်ပြန်သည်။
•    ကမ္ဘာတလွှားမှာ ဖြစ်ပွားနေသည့် အရှုပ်အထွေးများ ပဋိပက္ခများကို အာရုံရောက်နေတာကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်များ၏ အကျပ်အတည်းများကို မျက်နှာမလွှဲလိုက်သင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောသည်။
•    စစ်ကောင်စီ အောင်ဘာလေထီအပါအဝင် ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်း ရှစ်မျိုးကို ဘဏ္ဍာရေး စစ်မျက်နှာ တိုက်ပွဲ၏ ဒုတိယခြေလှမ်းအဖြစ် သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းတောင်းဆိုထားသည်။
•    ရန်ကုန်မှ အုပ်ချုပ်ရေးမှူးအများအပြား လူမြင်ကွင်းမထွက်ကြသည့် အခြေအနေတွင် မန္တလေး၊ မဟာအောင်မြေမှ ရာအိမ်မှူးတစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အနီးကပ် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။
တိုင်းရင်းသား လက်နက်ကိုင်များ 
•    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရာရှိဟောင်းတဦးနှင့် မိသားစုဝင်များကိုဖမ်းဆီးပြီးနောက် နေ အိမ်ကို ဗုံးခွဲဖျက်ဆီးပစ် လိုက်ကြောင်း ဒေသခံတွေထံက သိရသည်။
•    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သားခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။
•    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ယနေ့ မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်း ရင်းမြစ်က ပြောသည်။
•    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ရဲဘော် သုံးဦးနဲ့ ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။
•    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ရွှေကူမြို့နယ် ငဘတ်ကြီးတပ်စခန်းမှာ စစ်ကောင်စီတပ်က အင်အား ဖြည့်ရာ၌ အဓိကကျသည့် ကင်းစောင့်စခန်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
စစ်ကောင်စီ
•    တရုတ်က ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ထုတ် ပယ်ခံအရာရှိနှစ်ဦးအား စစ်ကောင်စီက ထပ်မံ၍ ဝရမ်းထုတ်ပြန်လိုက်သည်။
•    ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းမှ လေထီး များဖြင့် ခဲယမ်း၊ရိက္ခာများထပ်မံ ပို့ဆောင်လာကြောင်း ကချင်ဒေသစစ်ရေး သတင်းရင်း မြစ်က ပြောသည်။
•    နိုင်ငံတော်ဘက်ဂျက်များကို အကျိုးရှိရှိ အသုံးချပါဆိုပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောသည်။
•    အာဏာသိမ်းပြီးနောက် စစ်ပညာသင်ကြားမှုများ ပြန်လည်သွတ်သွင်းလိုက်သည့် ဗဟိုဝန်ထမ်း တက္ကသိုလ်နှစ်ခုတွင် စစ်လက်နက်ဖောက်သည် ရုရှားနိုင်ငံ၏ ဘာသာစကားပါသင်ပေးရန် ဗိုလ်ချုပ် ကြီးများက ပြင်ဆင်နေကြောင်း Myanmar Now သတင်းတွင် ဖော်ပြထားသည်။
•    KNU နှင့် PDF လှုပ်ရှားမှု များပြားလာသော ပဲခူးတိုင်းတွင် အာဏာသိမ်းတပ်က ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ အင်အားများလာရန် စီစဉ်နေကြောင်း သိရသည်။
•    ကယားပြည်နယ်မြို့တော်တွင် မိုးဗြဲဆည်ရေဖောက်ချမှုကြောင့် အရေးပေါ်ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ကြရန် မြေနိမ့်ပိုင်းရပ်ကွက်တချို့တွင် နေထိုင်သူတို့ကိုစစ်ကောင်စီက လှုံ့ဆော်ထားသည်။
•     တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပနေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) တတိယအကြိမ်ဖိုရမ်ကို  စစ်ခေါင်းဆောင်အစား စစ်ကောင်စီခန့် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တက်ရောက်ခဲ့သည်
•    ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် စစ်တက္ကသိုလ်တို့သို့ လာရောက်လေ့လာကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။
•    အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေသည် ရန်ကုန် မြို့ရှိ ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ တွင် ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန၏ ငွေစစ်ခန်းမ များနှင့် ငွေလဲကောင်တာ၌ ငွေကြေးလုပ်ငန်း စီမံ ဆောင်ရွက်နေမှုများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
•    မုန်တိုင်းဝင်ရောက်သည့်အခါတွင်လည်း တုံ့ပြန်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်လိုက် ဆောင်ရွက်နိုင်ခဲ့၍ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနှင့် နှိုင်းယှဉ်ပါက သေဆုံးမှု၊ ဆုံးရှုံးမှုများသည် အဆပေါင်းများစွာ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်ဒုခေါင်းဆောင် စိုးဝင်းက ပြောသည်။
အောက်တိုဘာ ၁၉ ရက် သုံးသပ်ချက်
•    ပေကျင်းမြို့တွင် ကျင်းပနေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) တတိယအကြိမ် ဖိုရမ် ရုရှားသမ္မတ အပါအဝင် အာရှခေါင်းဆောင်များ တက်ရောက်ခဲ့သော်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တိုင်းပြည်ခေါင်းဆောင်အနေဖြင့် အသိအမှတ်ပြုကာ ဖိတ်ကြားမခံရ၍ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသာ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ထောက်ပြထားသည်။
•    မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ရုရှားနိုင်ငံနှင့် နီးနီးကပ်ကပ် ဆက်ဆံနေပြီး ရုရှားအားကိုးပုစိန်ရိုး လုပ်ကာ ဝန်ထမ်းများကိုပါ ရုရှားစကား သင်ကြားပေးရန်ထိ စီစဉ်လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly