နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား(ရုပ်၊သံ) 

By KMN (မဇ္ဈိမ)
17 October 2023
နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား(ရုပ်၊သံ) 

မန္တလေးတိုင်းနဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay -PDF ကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်မ ၁၀၁ လက်အောက်ခံ ခမရ(၂၅၂)တပ်က အင်အား ၆၀ လောက်နဲ့ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြောက် လောင်းသိမ်းဆည်းရရှိခဲ့သလို မြေပြင်သတင်းအရ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ များပြားနိုင် တယ်လို့ Mandalay PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်အော်စမွန်က မဇ္ဈိမကိုပြောပါတယ်။
နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ကသေဆုံးမှုများခဲ့သလို Mandalay PDF ဘက်ကလည်း ရဲဘော်သုံးဦး ကျဆုံးခဲ့ပါတယ်။ 

တင်ဆက်၊တည်းဖြတ် - KMN

#Mizzima
#ရှမ်းပြည်နယ်မြောက်ပိုင်း
#နောင်ချိုမြို့နယ်
#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly